မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Friday, 23 September 2016

Dhamma-Page မိတ်ဆက်

ဓမ္မမိတ်ဆွေ တစ်စုတို့သည် မိမိတို့ ကိုယ်စီ ကိုယ်စီ ကြိုက်နှစ်သက်သော တရားဓမ္မများကို 
တစ်စုတစ်စည်းတည်း တစ်နေရာတည်းမှ စုပေါင်း ပူဇော်လိုသော
ကောင်းမွန်သော အလိုဆန္ဒများဖြင့် Dhamma-Page တစ်ခု ပြုခဲ့ကြပါသည်။ 

ဤသို့ပြုရသော ကောင်းမှုကုသိုလ်ကံ စေတနာ အစုစုတို့သည် 
အကျွနုပ်တို့နှင့်တကွ သတ္တ၀ါအားလုံးတို့၏ နိဗ္ဗာန် ရကြောင်း အထောက်အပံ့ ဖြစ်ပါစေသတည်း။





Saturday, 10 September 2016

ရန်သူ နှင့် မိတ်ဆွေ ခွဲခြား သိနည်း

ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသ ၏ ရန်သူ နှင့် မိတ်ဆွေ တရား ဒေသနာတော် ကို ရိုသေစွာ နာယူ ပူဇော်ခြင်းဖြစ်ပါသည်။
http://drnandamalabhivamsa.com.mm/download/file/fid/2891-

အဘယ်သူသည် မိမိ၏ ရန်သူ နှင့် မိတ်ဆွေတို့ကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိရန်လိုသည်။ ထိုမှသာ ကြီးပွားတိုးတက်ဖို့ရန် အကြောင်းဖြစ်မည်။ ဤနေရာတွင် ရန်သူဟု ခေါ်လိုရင်းသည် မိမိ၏ စစ်တိုက်ဖက် မဟုတ်၊ ခိုက်ရန်ဖြစ်ဖက် မဟုတ်၊ မိမိ၏ အကျိုးကို မလိုလားသူမျိုး ဖြစ်သည်။

ရန်သူဖြစ်ကြောင်း သိရန် အချက် ၁၆ချက် နှင့် မိတ်ဆွေဖြစ်ကြောင်း သိရန် အချက် ၁၆ချက် ရှိပါသည်။


ရန်သူ၊ မိတ်ဆွေ ခွဲခြား သိခြင်းသည် ကြီးပွားတိုးတက်ဖို့ရန်အတွက် မိမိတို့၏ ဆင်ခြင်ဉာဏ်ဖြင့် ပေါင်းသင်း ဆက်ဆံ တတ်ဖို့ရန် ဖြစ်ပါသည်။