လွန်ခဲ့သော ၂ရက်၊ ၃ရက်လောက်က ကျွန်တော်တို့ရုံးမှာ ညနေ ခဏအနားယူ၊ လဖက်ရည်သောက်ချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေများနှင့် တ၀ိုင်းထဲထိုင်ပြီး ကော်ဖီသောက်၊ စကားစမြည် ပြောဖြစ်ခဲ့ပါသည်။
သူတို့ပြောနေသော အကြောင်းအရာတွေကို အာရုံစိုက်မိသောအခါ စင်္ကာပူဒေသခံလူတွေကို မြန်မာမိန်းကလေး တစ်ဦးက သြဇာသီး အကြောင်း ပြောပြနေသည်ကို သိခဲ့ရပါသည်။
အင်တာနက်မှ သြဇာသီး ပုံပါသော ဓါတ်ပုံတွေကို ပြသောအခါ စင်္ကာပူဒေသခံလူတွေများသည် သြဇာသီးကို သူတို့ မသိကြောင်း၊ မစားဖူးကြောင်း ပြောပြပါသည်။
အဲဒါနဲ့ အင်တာနက်မှာ သြဇာသီးကို အင်္ဂလိပ်လို မည်သို့နာမည်ပေးထားကြောင်း ရှာကြည့်သောအခါ Sweetsop လို့ခေါ်ကြောင်း စိုင်းအဘိဓာန်တွင် တွေ့ရပါသည်။
Sugar-Apple လို့ခေါ်ကြောင်း Wikipedia တွင် ထပ်မံ တွေ့ရှိခဲ့ပါသည်။ သြဇာသီးသည် ချိုသည်၊ ပန်းသီး ပမာဏလောက်ရှိသော အသီးဖြစ်သည်။ ထို့ကြောင့် သြဇာသီးကို Sugar-Apple လို့ အမည်ပေးထားပုံရပါသည်။
wikipedia တွင် ထပ်မံရှာကြည့်သောအခါ သြဇာသီးကို ဖလစ်ပိုင် နိုင်ငံတွင် Custard Apple လို့ ခေါ်ကြောင်း ထပ်မံ သိရှိခဲ့ပါသည်။
Sugar-Apple (သြဇာသီး) နှင့် Cherimoya ဆိုတဲ့အသီး နှစ်မျိုး ရောနှောမျိုးစပ်ထားသော
Atemoya လို့ခေါ်တဲ့ အသီးကို wikipedia တွင် ထပ်မံတွေ့ရှိခဲ့ပါသည်။ Cherimoya ဆိုသော အသီးနှင့် Atemoya ဆိုသော အသီး၊ ထိုအသီးနှစ်မျိုးကို ကျွန်တော် တခါမှ မကြားဖူးပါ။
Sugar-Apple Cherimoya Atemoya
Atemoya လို့ခေါ်သော အသီးသည် သြဇာသီး ကဲ့သို့ ချိုသော်လည်း အရသာမှာ သြဇာသီးနှင့် မတူပဲ၊ နာနတ်သီးနှင့် တူသည်။ Atemoya လို့ခေါ်သော အသီးသည် ထိုင်ဝမ် နိုင်ငံတွင် လူကြိုက်များကြောင်း ထပ်မံ သိရှိခဲ့ပါသည်။
No comments:
Post a Comment