သည်နေ့ ရုံးမှာ အီးမေးစစ်ပွဲ တစ်ခုဖြစ်တယ်ဆိုရလောက်အောင် အီးမေးအသွားအပြန် ပို့တာ ၁၀စောင်လောက် နီးနီး ရှိခဲ့ပါသည်။ တစ်ဖက်လူက အီးမေးပို့တိုင်း အထက်လူကြီးတွေကို တဆင့်ခံထားပြီး ပို့တတ်သည်။
အရင်တစ်ခေါက်ကလည်း အဲသည့်လူ စစ်ဆေး၊ စမ်းသပ်ပြီးသော အပိုင်းကို သူ့ဘက်က မီးစိမ်းမပြသေးဘဲ၊ စိတ်လောပြီး ဆာဗာပေါ်သို့ အကုန်တင်လိုက်သည့်အတွက် ပြဿနာတက်ခဲ့ပါသည်။
စားသုံးသူဘက်က သတင်းအချက်အလက်ပုံစံများသည် ရှိသင့်သောပုံစံ မဟုတ်သဖြင့် ပရိုဂရမ်ကို ပြန်လည်ပြင်ဆင်ဖို့အတွက် အခုတစ်ခေါက်လည်း အဲသည့်လူက အီးမေးပို့လာပြန်ပါသည်။
သြဂုဏ်လ မှစပြီး အဲသည့်လူရဲ့ အပိုင်းကို စတင်ရေးခဲ့တာဖြစ်ပြီး အခု ဒီဇင်ဘာလထဲကို ရောက်နေပြီဆိုတော့ ၄လကျော်နေပြီ ဖြစ်သည်။ ၄လကျော်နေပြီဖြစ်သော်လည်း အဲသည့်လူ တာဝန်ယူထားသော အပိုင်းရဲ့  လိုအပ်ချက်မှာ အခုထိတိုင် အဆုံးမသတ်သေးသည်မှာလည်း ကျွန်တော့်အတွက် စိတ်ရှုပ်စရာ ကောင်းနေပါသည်။
အဲသည့်အတွက်ကြောင့်လည်း သူပို့တဲ့ အီးမေးတွေကို ပြန်ပြန်ပို့ရင်း ၁၀စောင်လောက် နီးနီး ဖြစ်ခဲ့ပါသည်။ တကယ်လိုအပ်လို့ အဲသည့်လူ အခုလိုမျိုး လုပ်နေတာလည်း ဖြစ်နိုင်သလို၊ ဒါမှမဟုတ် ကျွန်တော့်ကို ဒေါသထွက်လာအောင် အဲသည့်လူ လုပ်နေတာလည်း ဖြစ်နိုင်သည်။ ထိုလူသာ အသိဆုံးဖြစ်ပါသည်။
ကျွန်တော့်ကို ရင့်ကျက်လာအောင်၊ သတိပိုထားတတ်လာအောင် အဲသည့်လူ ကူညီနေတာပါလို့ ကျွန်တော် မှတ်ယူပါသည်။ အဲသည့်လူထံမှာ ကျွန်တော့်ရဲ့ သည်းခံစိတ်ကို အစစ်ဆေးခံနေသလို မှတ်ယူပါသည်။ အလုပ်ပြီးသည့်အခါ၊ အီးမေးပို့ဖို့ လုပ်သည့်အခါ ထပ်ခါပြန်စစ်ဆေးတဲ့ အလေ့အကျင့် မွေးဖို့ ကျွန်တော့်အတွက် လိုအပ်နေပါသည်။
သေစမ်းလို့ ပြောတာခြင်း အတူတူဖြစ်ပေမယ့်၊ go to die လို့ ပြောတာနဲ့ kindly let you die လို့ ပြောတာမျိုးဟာ၊ ကြားရသူအတွက် အကျိုးသက်ရောက်မှု ကွာခြားပါသည်။ အဲသည်လိုမျိုး ယဉ်ယဉ်ကျေးကျေးနဲ့ ထိထိမိမိ ပြောတတ်ဖို့လည်း ကျွန်တော့်အတွက် လိုအပ်ပါသည်။
အင်္ဂလိပ်စာ အသုံးအနှုန်းလည်း သေချာစေဖို့ လိုအပ်ပါသည်။ ဥပမာ။ By this friday လို့ပြောပြီဆိုရင် သည်အပတ် သောကြာနေ့ကို နောက်ဆုံးထားပြီး လုပ်မယ်လို့ ဆိုလိုပါသည်။
အချိန်နဲ့ ပတ်သက်ပြီး အီးမေးပို့တော့မည်ဆိုရင် ဤ link ကို ကျွန်တော် ရှာဖွေ တွေ့ရှိခဲ့ပါသည်။ အောက်မှာရှိသော link သည် အင်္ဂလိပ်စာ လေ့လာဖို့ရန် ကလေးများအတွက် သင့်လျော်ပါသည်။ ကျွန်တော်လည်း အသုံးပြုပါသည်။ (ကိုယ့်ကိုယ်ကို ကလေးလို့ သတ်မှတ်ချင်လား မသိ :P)
http://www.english-guide.org/
bbc website သည် လူကြီးများအတွက် အင်္ဂလိပ်စာ လေ့လာဖို့ရန် အကြောင်းအရာ စုံလင်ပါသည်။
http://www.bbc.co.uk/worldservice/learningenglish/general/
No comments:
Post a Comment