စိတ်၌မှီတွယ်၍ စိတ်ကို ခြယ်လှယ်သော သဘောတရားကို စေတသိက်ဟု ခေါ်သည်။
စေတသိက် အင်္ဂါ ၄ မျိုး ရှိပါသည်။
ဧကုပ္ပါဒ = စိတ်နှင့် အတူဖြစ်ခြင်း
ဧကနိရောဓ = စိတ်နှင့် အတူချုပ်ခြင်း
ဧကလမ္ဗဏ = စိတ်နှင့် တူသော အာရုံရှိခြင်း
ဧက၀တ္ထုက = စိတ်နှင့် တူသော မှီရာ ၀တ္ထုရှိခြင်း တို့ဖြစ်ပါသည်။
စေတသိက် ၅၂ ပါး ရှိပါသည်။
၁။ အညသမန်း စေတသိက် ၁၃ ပါး
၂။ အကုသိုလ် စေတသိက် ၁၄ပါး
၃။ သောဘန စေတသိက် ၂၅ ပါး
စုစုပေါင်း စေတသိက် ၅၂ ပါး ရသည်။
၁။ အညသမန်း စေတသိက် ၁၃ ပါး
၁။ သဗ္ဗစိတ္တ သာဓရဏ စေတသိက် ၇ ပါး
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြ္ဒိယ၊ မနသိကာရ
၂။ ပကိဏ်း စေတသိက် ၆ ပါး
ဝိတက်၊ ၀ိစာရ၊ အဓိမောက္ခ၊ ၀ီရိယ၊ ပီတိ၊ ဆန္ဒ
၂။ အကုသိုလ် စေတသိက် ၁၄ ပါး
မောဟ၊ အဟိရိက၊ အနောတ္တပ၊ ဥဒ္ဓစ္စ
လောဘ၊ မာန၊ ဒိဋ္ဌိ
ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ
ထိန၊ မိဒ္ဓ၊ ၀ိစိကိစ္ဆာ
၃။ သောဘန စေတသိက် ၂၅ ပါး
၁။ သောဘန သာဓာရဏ စေတသိက် ၁၉ ပါး
သဒ္ဓါ၊ သတိ၊ ဟိရီ၊ သြတ္တပ္ပ၊
အလောဘ၊ အဒေါသ၊ တတြမဇ္ဈတ္တတာ
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊
ကာယလဟုတာ၊ စိတ္တလဟုတာ
ကာယမုဒုတာ၊ စိတ္တမုဒုတာ
ကာယကမ္မညတာ၊ စိတ္တကမ္မညတာ
ကာယလဟုတာ၊ စိတ္တလဟုတာ
ကာယပါဂုညတာ၊ စိတ္တပါဂုညတာ
ကာယုဇုကတာ၊ စိတ္တုဇုကတာ
၂။ ၀ိရတီ စေတသိက် ၃ ပါး
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ
၃။ အပ္ပမညာ စေတသိက် ၂ ပါး
ကရုဏာ၊ မုဒိတာ
၎။ ပညိနြေ္ဒ စေတသိက် ၁ ပါး
ပညိနြေ္ဒ
No comments:
Post a Comment