သောတ၊ အကြားအာရုံဖြင့် ကူးယူ မှတ်သား၍ ဤနေရာတွင် ထပ်မံ ပူဇော်ခြင်းဖြစ်ပါသည်။
ခူးပြန် နှင်းထွေး တန်ခူးလ ၅ နာရီ ၀ မိနစ်
ဆုန်လေး ပေါ်နေ ကဆုန်လ ၄ နာရီ ၅၀ မိနစ်
ယုန် ဝေးဝေးထက် နယုန်လ ၄ နာရီ ၄၀ မိနစ်
ဆို လတ် စာတော် ၀ါဆိုလ ၄ နာရီ ၃၀ မိနစ်
ခေါင် တော် လူထု ၀ါခေါင်လ ၄ နာရီ ၄၀ မိနစ်
လင်း ယု မ ထွေး တော်သလင်းလ ၄ နာရီ ၅၀ မိနစ်
ကျွတ် မေး နင်တို့ သီတင်းကျွတ်လ ၅ နာရီ ၀ မိနစ်
မုန်း ဖိုး အော်နေ တန်ဆောင်မုန်းလ ၅ နာရီ ၁၀ မိနစ်
တော် မြေ ကြော်ဌေး နတော်လ ၅ နာရီ ၂၀ မိနစ်
ပြာ ပေး ဆန်တောင်း ပြာသိုလ ၅ နာရီ ၃၀ မိနစ်
တွဲ့ ပေါင်း ပျော်နေ တပို့တွဲလ ၅ နာရီ ၂၀ မိနစ်
ပေါင်း ပျော် အ တွဲ့ တပေါင်းလ ၅ နာရီ ၁၀ မိနစ်
.. အာရုံတက် .. မဖျက် .. တွက်လို့ရေ
အာရုံတက်ချိန်သည် ရာသီအလိုက် မတူညီပါ။
ထို မတူ ကွဲပြားသော ရာသီအလိုက် အာရုံတက်ချိန်များကို ရှစ်ပါးသီလ ယူလေ့ရှိကြသော မြန်မာလူမျိုးများ သိသင့်ပါသည်။
ထို မတူ ကွဲပြားသော ရာသီအလိုက် အာရုံတက်ချိန်များကို ရှစ်ပါးသီလ ယူလေ့ရှိကြသော မြန်မာလူမျိုးများ သိသင့်ပါသည်။
ထို အာရုံတက်ချိန်များကို မှတ်မိလွယ်စေရန် အာက်ပါ ကိုယ်တိုင်ရေးပုံ အကြောင်းကိုလည်း ပြောလိုပါသည်။
အပြာရောင် ဘောင်ခတ်ထားသောနေရာတွေမှာ ၅နာရီ ရှိကြောင်း သတ်မှတ်၍၊
ဘောင်မခတ်ထားသောနေရာတွေမှာ ၄နာရီ ရှိကြောင်း သိရပါမည်။
(start) အစနေရာတွင် အပြာရောင် ဘောင်ခတ်ထား သည်ကို တွေ့ရ၍ ၅ နာရီ
(အပြာရောင် ဘောင်အတွင်း) ထိုနေရာတွင် ဝ (သုည) ကို တွေ့ရ၍ ဝ မိနစ် = ၅ နာရီ ၀ မိနစ် (တန်ခူးလ အာရုံတက်ချိန်)
(မြှားနီအတိုင်း) ဒုတိယနေရာတွင် ဘောင်မခတ် ထားသဖြင့် ၄ နာရီ
ထိုနေရာတွင် ၅၀ ကို တွေ့ရ၍ ၅၀ မိနစ် = ၄ နာရီ ၅၀ မိနစ် (ကဆုန်လ အာရုံတက်ချိန်)
ထိုကဲ့သို့ မြှားနီလမ်းကြောင်းအတိုင်း တစ်ခုချင်း ချရေးသွားပါက ၁၂ လ ရာသီ၏ အာရုံတက်ချိန်များကို
အခက်အခဲ မရှိ၊ မှန်မှန်ကန်ကန် ရေးသားနိုင်မည် ဖြစ်သည်။ အာရုံတက်ချိန်များကို မှန်မှန်ကန်ကန်သိ၍
ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ အစရှိသော ဥပုသ် သီတင်းများကို ပြည့်ပြည့် ၀၀ ဆောက်တည်နိုင်ကြပါစေရန်
ကုသိုလ်ပြု ပါသည်။
No comments:
Post a Comment