၁။ ဥဒ္ဓု မာတက = သေလွန်ပြီး ၂ ရက် ၃ရက်ကြာသည့်အခါ ဖူးဖူးရောင် ပုပ်သဖြင့် စက်ဆုပ်ဖွယ်သော
အလောင်းကောင်။
၂။ ၀ိနီလက = အနီ၊ အဖြူ ရောစပ်လျက် ညို မည်း ပုပ်ပွနေသော အလောင်းကောင်။
၃။ ၀ိပုဗ္ဗက = ပြည်တစိုစို ပေါက်ကွဲယိုလျက် စက်ဆုပ်ဖွယ်ရာ အလောင်းကောင်။
၎။ ၀ိစ္ဆိဒ္ဒက = အထက်အောက် ၂ ပိုင်း၊ ၃ ပိုင်းပြတ်နေသော အလောင်းကောင်။
၅။ ၀ိက္ခာယိတက = ခွေး၊ ဠင်းတ၊ ကျီး စသည်တို့ ခဲစားကိုက်ဖြတ်ထားသော အလောင်းကောင်။
၆။ ၀ိက္ခိတ္တက = လက်ခြေ၊ ဦးခေါင်း၊ ကိုယ်ခန္ဓာတို့ကို တစ်ကွဲတစ်ပြားစီ ဖရိုဖရဲကြဲပစ်ထားသော
အလောင်းကောင်။
၇။ ဟတ၀ိက္ခိတ္တက = ဒါး၊ လှံ၊ လက်နက်တို့ဖြင့် အစိပ်စိပ်အမြွာမြွာ လှီးဖြတ် နှိပ်စက်ထားသော
အလောင်းကောင်။
၈။ လောဟိတက = သွေးများထွက်ယိုလျက် တစ်ကိုယ်လုံး သွေးလိမ်းကျံနေသော အလောင်းကောင်။
၉။ ပုဠုဝက = ပိုးလောက်များ ပြည့်နှက်နေသော အလောင်းကောင်။
၁၀။ အဋ္ဌိက = အရိုးများသာ စုပေါင်း၍လည်းကောင်း၊ ပြန့်ကြဲ၍လည်းကောင်း ကြွင်းကျန်ရစ်သော
အလောင်းကောင်။
ဥဒ္ဓု မာ တက ဟာ၊ ရှေ့ မှာ ရှိနေတာ
ဝိနီ၊ ၀ိပုဗ်၊ ၀ိစ္ဆိဒ္ဒ၊ ၀ိက္ခာယိတက
ဝိက္ခိတ္တက၊ (ဟတ) တွဲ ၊ နောက်မှာလိုက်ပါမြဲ
လောဟိတက သွေးပေကျံ
ပုဠု ပိုးလောက်လျှံ
အဋ္ဌိက အရိုးများ၊
ပြန့်ကြဲ ရှိစေသား။
ဖူးဖူးရောင်၊ နီဖြူ ညို ၊ ပြည်က တစိုစို၊
ထက်အောက် ၂ပိုင်း ၃ပိုင်း ပြတ်၊
ခွေး၊ ကျီး၊ ဠင်းတ ကိုက်စားဖြတ်၊
ဦးခေါင်း၊ လက်ခြေ၊ ကိုယ်ခန္ဓာ ဖရိုဖရဲ ပစ်ထားကာ၊
ဒါး၊ လှံ၊ လက်နက် လှီးနှိပ်ဖြတ်၊
သွေးများ ထွက်ယိုလျက်၊
ပိုးလောက်ပြည့်နှက် အလောင်းကောင်၊ အသုဘရုပ်ဆောင်
အရိုးများသာ စု၍ပေါင်း၊ ပြန့်ကြဲ ကြွင်းကျန်လောင်း။
No comments:
Post a Comment