(၂) သဝေလည်းထိုး၊ တ-သတ်မျိုး၊ ဖတ်ရိုး စ-သတ်သံ။
(၃) သဝေလည်းထိုး၊ န-သတ်မျိုး၊ ဖတ်ရိုး င-သတ်သံ။
(၄) သဝေလည်းချ၊ သတ်မြင်က၊ မှတ်ကြ ၀-ဆွဲသံ။
(၅) ဟထိုး ၀ဆွဲ၊ ရရစ် ယပင်း၊ တွေ့လျင်းက၊ နှစ်ဝတာဝန်၊ ကျေပွန်စေရန်၊ အသံ အသတ် ယူမြဲမှတ်။
(၁) အဓိပ္ပါယ်မှာ - အက္ခရာ ၂-လုံးဆင့် တွေ့လျှင် အပေါ်တွင် ရှိသော အထက် အက္ခရာကို အသတ်တင်၍ ဖတ်၊ အသံသေပြီ၊
ရှေ့ အက္ခရာ နှင့် တွဲ၍ ဖတ်ရမည်။
ဥပမာ။ ။ သမန္တာ - သမန်တာ။
စက္က၀ါဠေသု - စက်က၀ါဠေသု။
သဒၶမၼံ - သဒ္ဓမ္မံ။
(၂) အဓိပ္ပါယ်မှာ - သဝေထိုးနှင့်တွဲသော တ-သတ်ကို စ-သတ် အသံထွက်၍ ဖတ်ရမည်။
ဥပမာ။ ။ မေတ္တာ - မေတ်တာ (မစ်တာ - ဟုဖတ်)။
ခေတ္တာ - ခေတ်တရာ (ခစ်တရာ- ဟုဖတ်)။
(၃) အဓိပ္ပါယ်မှာ - သဝေထိုးနှင့်တွဲသော န-သတ်ကို င-သတ် အသံထွက်၍ ဖတ်ရမည်။
ဥပမာ။ ။ ပူရေန္တံ - ပူရေန်တံ (ပူရင်တံ - ဟုဖတ်)။
သမေန္တု - သမေန်တု (သမင်တု - ဟုဖတ်)။
ဒဿန္တေိ - ဒသ်သေန်တိ (ဒသ်သင်တိ - ဟုဖတ်)။
(၄) အဓိပ္ပါယ်မှာ - အသတ်နှင့်တွဲသော သဝေထိုးရေးချကို ၀ဆွဲ အသံထွက်၍ ဖတ်ရမည်။
ဥပမာ။ ။ သောတ္ထနံ - သောတ်ထာနံ (သွတ်ထာနံ - ဟုဖတ်)။
ကောဏ္ဍည - ကောဏ်ဍည (ကွဏ်ဍည - ဟုဖတ်)။
ဟောန္တု - ဟောန်တု (ဟွန်တု - ဟုဖတ်)
မှတ်ချက်။ ။ သဝေထိုးရေးချကို ပါဋ္ဌိ၌ သြ-သရ ဟုခေါ်သည်။
(၅) အဓိပ္ပါယ်မှာ - ဟထိုး, ၀ဆွဲ, ရရစ်, ယပင့် အက္ခရာစာလုံးများနှင့်တွဲသော အက္ခရာသည် အသတ်တာဝန်ကိုလည်း ယူရသည်။ မိမိ၏ မူလအသံကိုလည်း ထွက်ရသည်။
ဥပမာ။ ။ အမှ - အမ်မှ။
ကဏွ - ကဏ္ဏွ။
တုမွ - တုမ္မွ။
သဏွ - သဏ္ဏွ။
ပုဗ္ဗနှ - ပုဗ်ဗန်နှ
ဤပြယုဂ်တို့၌ ဟထိုးနှင့် တွဲသော မ၊ ဏ၊ န-အက္ခရာတို့သည် အသတ် တာဝန်ကိုလည်း ယူရသည်။ မိမိ၏ မူလဗျည်းအသံလည်း ထွက်ရမည်။ အသတ်နှင့် အသံ တာဝန် ၂-မျိုးကို ယူထားသည်။
သကျ - သက်ကျ။ ၀ါကျ - ၀ါက်ကျ။ နိသ် - နိသ္သ်(နိသ္သယ)
ဤပြယုဂ်တို့၌ ယပင့်နှင့် တွဲသော က နှင့် သ-တို့သည် အသတ်နှင့် အသံတာဝန် ၂-မျိုးကို ယူထားသည်။
စကြာ - စက်ကြာ။ အတြာ - အတ်တြာ။ မတြာ - မတ်တြာ
ဤပြယုဂ်တို့၌ ရရစ်နှင့် တွဲသော က နှင့် တ-အက္ခရာတို့သည် အသတ် နှင့် အသံ တာဝန် ၂-မျိုးကို ယူထားသည်။
ကတွာ - ကတ်တ၀ါ။ ဒတွာ - ဒတ်တ၀ါ။ ပတွာ - ပတ်တ၀ါ။ ၀တွာ - ၀တ်တ၀ါ။
ဤပြယုဂ်တို့၌ ၀-ဆွဲ နှင့် တွဲသော က-အက္ခရာတို့သည် အသတ်နှင့် အသံ-၂မျိုးကို ယူထားသည်။
မှတ်ချက်။ ။ ဟထိုးသည် ဟ၊ ယပင့်သည် ယ၊ ရရစ်သည် ရကောက်၊ ၀-ဆွဲသည် ၀-အက္ခရာ၏ ကိုယ်စားလှယ်ဟု အသီးသီးမှတ်ရသည်။
ဆရာတော် ဘဒ္ဒန္တတုစိတ္တာဘိဝံသ၏ လူတိုင်းအတွက် လက်တွေ့အသုံးချပဋ္ဌာန်း စာအုပ်မှတဆင့် ပူဇော်ထားခြင်းဖြစ်သည်။ ဆက်လက်၍ တရားဓမ္မများကို လေ့လာ သင်ယူ ပူဇော်၍ ကျင့်ကြံပွားများ အားထုတ်ရန် တိုက်တွန်းပါသည်။
“ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”
No comments:
Post a Comment