မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Wednesday, 31 August 2016

သင့်အောင်ထား ၍ ကောင်းအောင်လုပ် ပါ

လုပ်မယ်၊ မလုပ်ဘူးလို့ စဉ်းစား တွေးခေါ်တဲ့နည်းများစွာထဲမှ ကိုယ်ကိုယ်တိုင် နှစ်သက် ကျင့်သုံးဖြစ်သော ကိုယ်တိုင်ရေး တွေးခေါ်နည်းတစ်ခုဖြစ်ပါသည်။ အဲဒါက "သင့်အောင်ထား ၍ ကောင်းအောင်လုပ်ပါ" ဆိုတာပါ။ ဤနည်းကို ကျင့်သုံးတာ မကြာသေးပါဘူး။ ရက်ပိုင်း၊ လပိုင်းမျှသာ ရှိပါသေးသည်။


"သင့်အောင်ထား၊ ကောင်းအောင်လုပ်ပါ" ဆိုတဲ့ ဆောင်ပုဒ်လေးတစ်ခုပါ။ ဥပမာများဖြင့် လေ့လာကြပါစို့။

အရောင်းဈေးပွဲတော်မှာ ပစ္စည်းတစ်ခုကို ဝယ်ဖို့ တွေ့ပြီဆိုပါစို့၊ အရောင်းဈေးပွဲတော်တွေမှာ ဈေးလျော့ ရောင်းမယ်၊ ဈေးတန်တယ် ဆိုတာမျိုး ပြောပါလိမ့်မယ်။ "သင့်အောင်ထား၊ ကောင်းအောင်လုပ်ပါ" ဆိုတဲ့နည်းအတိုင်း တွေးကြည့်ကြပါစို့။
           
သေချာ မစဉ်းစားပဲ (၀ယ်ဖို့) ပြုလုပ်ပြီးခါမှ .. ကိုယ်နဲ့မတော်တာ၊ အဆင်မပြေတာတွေကို မဖြစ်စေအောင်ပါ။ မေးခွန်းတွေမေးရပါမယ် .. အဲဒီပစ္စည်းဟာ ကိုယ်နဲ့ .. ကိုယ့်ပတ်ဝန်းကျင်နဲ့ .. တကယ်လိုအပ်ရဲ့ လား .. အပိုဖြစ်စေမှာလား .. ယခုအချိန်.. နောင်အနာဂတ်အချိန်တွေနဲ့ .. အခြေအနေ သင့်တင့်လျောက်ပတ်ရဲ့ လား? .. (ဝယ်ဖို့) ပြုလုပ်ပြီးနောက်ပိုင်းမှာ ကိုယ့်စိတ်ကိုအသင့်တော်ဆုံးဖြစ်အောင်ထားနိုင်ရဲ့ လား
(သင့်တင့်လျောက်ပတ်တယ်၊ အသင့်တော်ဆုံးဖြစ်တယ်၊ ကိုယ်စိတ်ကို အသင့်တော်ဆုံးဖြစ်အောင်ထားနိုင်တယ်လို့ အဖြေထွက်ရင် အောက်ပါဒုတိယမေးခွန်းကို ဆက်လက် ဖြေကြည့်ပါဦး)

အရေးအသွေး မကောင်းတာ မဖြစ်စေဖို့၊ ခန္ဓာကိုယ် အမှုအရာတွေကို ထိခိုက်မှု မရှိစေအောင်ပါ။ 
မေးခွန်းတွေ မေးရပါမယ် .. (အဲဒီ ပစ္စည်းဟာ ၀ယ်ဖို့) ပြုလုပ်ဖို့ .. ကောင်းရဲ့ လား? .. (ဝယ်ဖို့) ပြုလုပ်ပြီးပြီဆိုရင် ကိုယ် နှုတ် စိတ် အမှုအရာတို့ကို အကောင်းဆုံးလုပ်နိုင်မလား? (ကောင်းတယ်၊ ကိုယ် နှုတ် စိတ် အမှုအရာတို့ကို အကောင်းဆုံး လုပ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံး ပြုလုပ်ပါ။)

အနှစ်ချုပ်အားဖြင့်ဆိုရင် ကျွန်တော်တို့ ဗုဒ္ဓသာသနာ၏ ကိုယ် နှုတ် စိတ် ကံသုံးပါးကို မကောင်းမှုမှ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ကောင်းမှု ကုသိုလ်များကို အကောင်းဆုံး ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဆင်ခြင်ဉာဏ်ရှိသလို ဆင်ခြင် အသုံးပြုနိုင်ခြင်းသည်သာ အဓိကဖြစ်ပါသည်။



No comments:

Post a Comment