နှစ်ဟောင်းလည်း ကုန်ပြီ၊ နှစ်သစ်မြန်မာ ကူးပြီ။
ကျွန်တော် ၃၃ ရောက်ပြီ။
မနှစ်က ပညာဒါနမှာ ရှိခဲ့သည်၊ သည်နှစ်တော့ ပညာပါရမီမှာ ရှိနေသည်။
ကျွန်တော် ကျေနပ်၊ ကြည်နူး၊ ပီတိ ဖြစ်ရပါသည်။
မနှစ်က good friday မှာ ပျော်ခဲ့သည်။
သည်နှစ် good friday မှာ အဘိဓမ္မာ ၃ရက် အထူး သင်တန်းတွင် လုပ်အားပေးအနေဖြင့် ရှိနေခဲ့သည်။
ကျွန်တော် ပိုပျော်ပါသည်။
တချို့  ရင်းနှီးတဲ့သူတွေ ကျွန်တော်အနားမှ ထွက်သွားခဲ့သည်။
တချို့  သူတွေကိုတော့ ကျွန်တော် ရှောင်ဖယ်ခဲ့သည်။
ကျွန်တော့် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ခဲ့ပါသည်။
ကျွန်တော့်အတွက် လိုအပ်မယ်ထင်တဲ့ နေရာသစ်တွေကို ရှာဖွေခဲ့သည်။
သူတပါး စိတ်ညစ်စေမယ့် တချို့  နေရာတွေကို ရှောင်နေခဲ့သည်။
ကျွန်တော် ပျော်အောင် နေခဲ့ပါသည်။
ကျွန်တော့်ကို ထားခဲ့တဲ့ တချို့  ရင်းနှီးတဲ့သူတွေ အဝေးကို ရောက်သွားသည်။
ကျွန်တော် ထားခဲ့တဲ့ တချို့ သူတွေ ကျွန်တော့်အနားမှာ ရှိနေပါသေးသည်။
မိသားစုဝင်တွေ ကျွန်တော့်ကို အားကိုးလာသည်။
သူတို့တွေကို ကျွန်တော် ပြန်လည်စောင့်ရှောက်ပါသည်။
တချို့ သူတွေ အရင်ကထက် ကျွန်တော့်ကို ပိုစောင့်ရှောက်လာသည်။
အရင်ကထက် တချို့ သူတွေကို ကျွန်တော် ပိုလိုအပ်လာသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ပြောပြော၊
တယောက်တည်း လွတ်လပ်တဲ့ အရသာကို ပိုနှစ်သက်လာသည်။
မနှစ်ကထက် သည်နှစ်မှာ ပိုပြီး ကျေနပ်ဖို့ ကောင်းသည်။
သည်နှစ်ထက် နောက်နှစ်မှာ သည်ထက် ပိုကျေနပ်ဖို့ ကောင်းမှာ ယုံကြည်နေသည်။
ဘာလုပ်သင့်လဲ၊ ဘာလုပ်ချင်လဲ ဆိုတာကို ခွဲခြားသိမြင်တတ်လာသည်။
ဘ၀၏ အဓိပ္ပါယ်ကို ပိုနားလည်ပြီး၊ ပိုကျေနပ်လာသည်။
ကျွန်တော့် ဘ၀စာမျက်နှာ ၃၃ ၏ ထူးခြားမှုတွေ ဖြစ်သည်။
No comments:
Post a Comment