သည်နေ့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ မနက်စာ စားတော့
ဝီးအန်းမှာ ဘယ်လိုနေလဲ စသည်ဖြင့်.. အချင်းချင်း မေးကြသည်။
သူတို့နည်း သူတို့ဟန်နဲ့ ၀ီးအန်းမှာ လည်ပတ်ကြ၊ ပျော်ကြပါသည်။
ကိုယ့်အလှည့်လည်း ရောက်ရော ..
ငါက ဘုန်းကြီးကျောင်းသွားတယ်လို့ ပြောပါသည်၊
တကယ်လည်း သွားခဲ့ပါသည်။
သူတို့ထဲက တယောက်က မင်းတို့ ဘုန်းကြီးကျောင်းမှာ
ဂျော့စတစ် နဲ့ ဘုရားရှိခိုးလားလို့ မေးလာပါသည်။
ဂျော့စတစ်က ဘာတုန်းလို့ ပြန်မေးတော့၊
သူတို့မေးတဲ့ ဂျော့စတစ်က အမွှေးတိုင် ဖြစ်နေပါသည်။
အမွှေးတိုင်ကို တရုတ် ဗုဒ္ဓဘာသာဝင်များ အသုံးများပြီး၊
အများအားဖြင့် ငါတို့ မြန်မာ ဗုဒ္ဓဘာသာဝင်များ
သုံးလေ့မရှိဘူးလို့ ပြန်ဖြေလိုက်ပါသည်။
တကယ် သေချာမသိပါ။
ဗုဒ္ဓဘာသာကိုးကွယ်မှုနဲ့ အမွှေးတိုင် ဆက်နွှယ်မှုကို
သိလိုစိတ် ဖြစ်မိပါသည်။ ဘာကြောင့်လည်းဆိုတော့
အမွှေးတိုင်၏ အနံ့ကို ကျွန်တော် မခံနိုင်သောကြောင့် ဖြစ်ပါသည်။
မှတ်ချက်။ Joss Stick = အမွှေးတိုင်
No comments:
Post a Comment