၂၀၁၇ ဇန်နဝါရီ ၂ ရက် နေ့တို့တွင် .. ဖွင့်လှစ်သင်ကြားသော
မဟာသတိပဋ္ဌာန် ဓမ္မသင်တန်းကို အကြောင်းတိုက်ဆိုင်၍ တက်ရောက်ခဲ့ပါသည်။
ဤသင်တန်းသည် ၂၀၁၆ ခုနှစ်မှ စတင်၍ ၂၀၁၇ တွင် ပြီးဆုံးသော သင်တန်းတစ်ခုလည်း ဖြစ်ပါသည်။
မဟာသတိပဋ္ဌာန် သင်တန်းတက်ရောက်၍ တရားတော်ကို ရိုသေစွာ နာကြားခြင်း ကုသိုလ် (ဓမ္မသ၀နာ) ဖြင့် ၂၀၁၇ ခုနှစ်ကို ကြိုဆိုခဲ့ပါသည်။
သတိပဋ္ဌာန် ပွားများရာတွင်
.. ကြိုတင်ပြည့်စုံရမည့် အချက်များ ၊
.. ပွားများမှု အကျိုးများ နှင့်
(ကိုယ်တွင်း) သာသနာပြု ခြင်း အကြောင်းများကို .. ဤနေရာတွင် ပူဇော်လိုပါသည်။
မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်သော သတိအထူးကို 'သတိပဋ္ဌာန်' ဟု ခေါ်သည်။
သတိပဋ္ဌာန်ပွားများရခြင်းအကျိုး ၇ ပါး မှာ
၁။ သတ္တာနံ ဝိသုဒ္ဓိယာ - သတ္တဝါတွေ သန့်ရှင်းစင်ကြယ်ပြီး အရိယာ ဖြစ်စေခြင်း
၂။ သောက - ပူဆွေးသောကကို ကျော်လွန်ခြင်း
၃။ ပရိဒေဝါနံ သမတိက္ကမာယ - ငိုကြွေးမှုကို ဖြတ်တောက်ခြင်း
၎။ ဒုက္ခ - ကိုယ်ဆင်းရဲမှ လွတ်မြောက်ခြင်း
၅။ ဒေါမနဿာနံ အတ္ထင်္ဂမာယ - စိတ်ဆင်းရဲမှ လွတ်မြောက်ခြင်း
၆။ ဉာယဿ အဓိဂမာယ - မဂ္ဂင်၈ပါးလမ်းသို့ ရောက်စေခြင်း
၇။ နိဗ္ဗာနဿ သစ္ဆကိရိယာယ - နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်ခြင်း တို့ဖြစ်ပါသည်။
ဝိသုဒ္ဓိယာ သန့်ရှင်းစင်ကြယ် ဖြစ်စေတတ်၍
ပူဆွေး သောက ကျော်လွန်မြောက်ကာ
ပရိဒေဝါ ငိုကြွေးမှုကို ဖြတ်တောက်စေ၍
ကိုယ် စိတ် ဆင်းရဲ လွတ်မြောက်စေကာ
ရှစ်ပါး မဂ္ဂင် လမ်းကြောင်းမှန်သို့ ရောက်စေသလို
နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်သည်။
ဘာဝနာ ဆိုသည်မှာ အကြိမ်ကြိမ် ပွားများ အားထုတ်ခြင်း ဖြစ်သည်။
၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း
၂။ ကျန်းမာရေး ပြည့်စုံခြင်း
၃။ မှန်ကန် ဖြောင့်မတ်သော စိတ် ရှိခြင်း
၎။ အကုသိုလ်ရှောင်၍ ကုသိုလ်ပွားများအောင် သမ္မပ္ပဓာန် (ဝီရိယ) နှင့် ပြည့်စုံခြင်း
၅။ ရုပ် နာမ် တို့ကို ပိုင်းခြား သိမြင်ခြင်း ၊ နာမ ရူပ ပရိစ္စေဒ ဉာဏ်ရှိခြင်း (ပညာရှိခြင်း)
အပရိဟာနိယ ၇ ချက်နှင့် ပြည့်စုံခြင်း
၁။ ဘုရား အပေါ်မှာ ရိုသေမှုရှိခြင်း
၂။ တရားတော် အပေါ်မှာ ရိုသေမှုရှိခြင်း
၃။ သံဃာအပေါ်မှာ ရိုသေမှုရှိခြင်း
၎။ ကိုယ်ကျင့်သီလ အပေါ်မှာ ရိုသေမှုရှိခြင်း
၅။ မိမိ၏ တရားအားထုတ်မှု ဘာဝနာ သမာဓိအပေါ်မှာ ရိုသေမှုရှိခြင်း
၆။ တရားအားထုတ်မှု၌ ကလျာဏ မိတ္တရှိခြင်း (ဆရာကောင်း၊ သမားကောင်းရှိခြင်း)
၇။ တသွေမသိမ်း မှတ်သား လိုက်နာနိုင်သူ ဖြစ်ခြင်း (သောဝစဿ )
တရားအားထုတ်ရာတွင် ကြိုတင်ပြည့်စုံရမည့် မေတ္တာသုတ္တန်လာ အချက် ၁၅ ချက်
၁။ သက္ကော = ကမ္မဋ္ဌာန်းကို တကယ်အားထုတ်နိုင်သော လုံလဝီရိယရှိခြင်း (ဝီရိယ ၊ သမ္မပ္ပဓာန် ၄ပါး) (အာတာပီ)
၂။ ဥဇူ = ကိုယ် ၊ နှုတ် အမှုအရာ ရိုးသားဖြောင့်မတ်ခြင်း (သမ္မာဝါစာ ၊ သမ္မာကမ္မန္တ)
၃။ သုဟုဇူ = မနောကံဖြင့် ရိုးသား ဖြောင့်မတ်ခြင်း (ပို၍ ပို၍ ဖြောင့်မတ်ခြင်း) (သမ္မာသင်္ကပ္ပ)
၎။ သုဝစ = နာယူ လွယ်သူ ဖြစ်ခြင်း (ရိုရို သေသေ လေးလေး စားစား နာယူလွယ်သူ ဖြစ်ခြင်း)
၅။ မုဒု = နူးညံ့သိမ်မွေ့စွာ နေထိုင်ခြင်း (အမှတ်သတိပါရှိနေရန် သတိသမ္ပဇဉ်ဖြင့် နေထိုင်ခြင်း)
၆။ အနတိ မာနိ = မိမိကိုယ်ကို မာန်မာနကို ပယ်ထားခြင်း ၊ မရှိခြင်း
၇။ သန္တု ဿ ကောစ = ရောင့်ရဲ လွယ်ခြင်း (ရတတ်သမျှဖြင့် ရောင့်ရဲ လွယ်ခြင်း)
၈။ သုဘရော = ဇီဇာ မကြောင်ခြင်း ၊ မွေးမြူ လွယ်ခြင်း (ရှိသမျှဖြင့် ရောင့်ရဲ လွယ်ခြင်း)
၉။ အပ္ပကိစ္စောစ = ဗဟိဒ္ဓ ကိစ္စနည်းသူ ဖြစ်ခြင်း (ပရိဗောဒ နည်းခြင်း)
၁၀။ သလ္လဟုကဝုတ္တိ = ပေါ့ပေါ့ ပါးပါး အသက်မွေးသူဖြစ်ခြင်း
၁၁။ သန္တိန္ဒြိယောစ = ဒွါရ ၆ပါး၌ သတိရှိသူဖြစ်ခြင်း (ငြိမ်သက်သော ဣနြေ္ဒိယေရှိခြင်း)
၁၂။ နိပကောစ = ရင့်ကျက်သော ပညာရှိသူ ဖြစ်ခြင်း (မိမိ၏ တရားအားထုတ်ရာတွင် တိတိကျကျ လေ့လာထားသူဖြစ်ခြင်း ၊ မိမိ၏ ဆရာထံမှ ကျကျနန သင်ယူထားခြင်း) (ပဋိယတ်ပြုလုပ်ခြင်း)
၁၃။ အပ္ပကဗ္ဘော = ကိုယ် နှုတ် စိတ် နူးညံ့သိမ်မွေ့ သူဖြစ်ခြင်း (ရုတ်ရင်းကြမ်းကြုတ်မှုမရှိခြင်း)
၁၄။ ကုလေသွ နနုဂိဒ္ဓေါ = သံယောဇဉ် မရှိခြင်း (ကိုယ်နှင့် ပတ်သက်မှု၌ သံယောဇဉ် မရှိခြင်း) (ဆွေမျိုးအပေါ်၌ သံယောဇဉ် မရှိခြင်း)
၁၅။ နစ ခုဒ္ဒ မစ္စယေ ကိစ္စိ ယေန ဝိညူ ပဒေ ဥပ္ပ ဝဒေယုံ = ဘုရား သူတော်ကောင်းတို့ မကြိုက်နှစ်သော အကုသိုလ်တရားတို့ကို ဒီနေ့မှစ၍ ငါမလုပ်တော့ဘူးဟု ဆုံးဖြတ်ချက် ချထားသူ ဖြစ်ခြင်း
(ကိုယ်တွင်း) သာသနာ ပြု ခြင်းဆိုသည်မှာ
သဒ္ဓါ မရှိသူ ၊ နည်းပါးသူတို့ကို သဒ္ဓါတရား တိုးလာအောင် ပြုလုပ်ပေးခြင်း
သီလ မရှိသူ ၊ နည်းပါးသူတို့ကို သီလ တိုးလားအောင် ပြုလုပ်ပေးခြင်း
သုတ မရှိသူ ၊ နည်းပါးသူတို့ကို သုတ တိုးလာအောင် ပြုလုပ်ပေးခြင်း
စာဂ မရှိသူ ၊ နည်းပါးသူတို့ကို စာဂ တိုးလာအောင် ပြုလုပ်ပေးခြင်း
ပညာ မရှိသူ ၊ နည်းပါးသူတို့ကို ပညာ တိုးလာအောင် ပြုလုပ်ပေးခြင်း တို့ဖြစ်ပါသည်။
ရန်ကုန်မြို့  အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် ၊ စစ်တွေမြို့  ရခိုင်ပြည်နယ် ဓမ္မာစရိယတက္ကသိုလ် ၊ လှည်းကူးမြို့ ၊ ဓမ္မာစရိယဥယျာဉ်ကျောင်းတိုက် နာယကချု ပ် ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ ၏ မဟာသတိပဋ္ဌာနသုတ္တန် ဓမ္မပူဇာ ဖြစ်ပါသည်။
https://drive.google.com/file/d/0B8_1S-h4pPHrZmd2VTBrSVJhcDA/view
နိဂုံး ချု ပ် ဆိုသော် မဟာသတိပဋ္ဌာန် သင်တန်းဖြင့် ဖွင့်လှစ်ခဲ့သော ၂၀၁၇ ခုနှစ် မှ အစပြု ၍ သတိတရားကို ပိုမိုထားရှိခြင်းဖြင့် ကောင်းသော မွန်မြတ်သော စိတ်ဓာတ်တို့ဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်စုံအောင် ကျင့်ကြံ ကြိုးစား ပွားများ အားထုတ်ပါမည်။။