မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Sunday, 1 April 2018

ဆရာတော် ဦးစိတ္တရ၏ မင်္ဂလသုတ် မှတ်စုတို



၁။ လမ်းမကြီးများ
က၊  ဒါန ၊ သီလ ၊ ဘာဝနာ
     လုပ်အားဒါနသည် သီလ တစ်မျိုး (ဆောင်ထားရမည့် သီလ)

   ဘောင်ကျော်လှုပ်ရှားတတ်သူ   =   လူမိုက်
   ဘောင်အတွင်းလှုပ်ရှားတတ်သူ  =  လူမိုက် မဟုတ်
   တဖြောင့်တည်း သွားသူ           =  သူတော်ကောင်း

    individual ဆိုရင် သီလမြဲဖို့ စောင့်ထိန်းဖို့ အခွင့်များ ပေမယ့် ၊ group လိုက်ဆိုရင် ခက်ခဲတတ်ပါသည်။

ခ၊  သီလ ၊ သမာဓိ ၊ ပညာ  (မဂ္ဂင်လမ်းမ)
    မဂ္ဂင်လမ်းကို လျှောက်သောသူသည် ဒါန ပါပြီးသလို ဖြစ်သည်။

ဂ၊  သတိ ၊ သမာဓိ ၊ ပညာ (သတိပဋ္ဌာန်လမ်းမ)
    သတိပဋ္ဌာန်လမ်းကို လျှောက်သောသူသည် သီလ ပါပြီးသလို ဖြစ်သည်။

ဝတ္တရား    ကိုယ့်တာဝန်ကို ဆောင်ရွက် / ကျင့်
    မိမိ                    =  အတ္တ (မိမိအတွက်)
    ဝန်းကျင်အကျဉ်း  =  ဉာတိ (ကိုယ်သိတဲ့ ဝန်းကျင်)
    ဝန်းကျင်အကျယ်  =  လောက (လူသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ)

ဘဝ နှင့် ဘာသာရေး
   ဘာသာရေး ပုံစံခွက်ထဲ ဘဝကို အတင်းဆွဲ ထည့်မလား [မွတ်စလင် ရှာရီးယား ဥပဒေ]
   လူတွေကိုပါ ထည့်သွင်းမယ်ဆိုရင် ပြသနာ ဖြစ်နိုင်သည်။

   ဘဝထဲ ဘာသာရေး တန်ဖိုး ရသလောက် ဆွဲယူမလား  [ပရိုတက်စတင့် တော်လှန်ရေး]
   လူတွေအတွက် ဖြစ်နိုင်ပါသည်။

ဒေသနာ နှစ်မျိုး
   ယဉ်ကျေးမှု စသည် လွှမ်းမိုးမှုရှိသော ဒေသနာ [ဝိနည်း ၊ သိင်္ဂါလောဝါဒသုတ်]
 
   ယဉ်ကျေးမှု မလွှမ်းမိုးတဲ့ ဒေသနာ  [မင်္ဂလသုတ် ၊ ဓမ္မစက္ကပဝတ္တနသုတ် ၊ အဘိဓမ္မာ]
   ထာဝရ အမှန်တရား

ပင်မလူ့အဖွဲ့ အစည်း ပုံစံ
   လူ နှင့် သူ၏မိသားစု
   အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံ
   ပညာရှာသူ နှင့် ပညာပေးသူ
   အလုပ်ရှင် နှင့် အလုပ်လုပ်သူ

  က၊ ခင်ပွန်းပဲ စီးပွားရှာ
  ခ၊  လင်မယား စီးပွားရှာ
  ခေတ်ပြောင်းရင်  လူမှုပုံစံ ပြောင်းတယ် ၊ တန်ဖိုး ပြောင်းသည်။

  အစိုးရ နှင့် လူထု
  က၊ ဘုရင် နှင့် လူထု
  ခ၊  အာဏာရှင် အစိုးရ နှင့် လူထုကနေ ၊ ဒီမိုကရေစီ အစိုးရ နှင့် လူထု
  အခန်းကဏ္ဍပြောင်းရင် ၊ တာဝန်ဝတ္တရားလည်း ပြောင်းသည်။

မင်္ဂလသုတ်
မွေးကင်းစမှစ၍ တဖြေးဖြေး လူကြီးရောက်လာသည့်အချိန် => စရိယ ၃ပါး = အတ္တ ၊ ဉာတိ ၊ လောက

ဘဝအတွက် အခြေခံအကျဆုံး ၄ခု

၁။ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုသည် ကလေး ၊ လူငယ် အပေါ် ပိုသက်ရောက်နိုင် (သညက္ခန္ဓာ) (မှတ်သားမှု)
ဗာလ သတ်မှတ်ချက်
သူ့အကျိုး  ကိုယ့်အကျိုး မသိသူ
ပစ္စုပ္ပာန်  သံသရာအကျိုး မသိသူ
နိုင်ငံရေးလုပ်သူ ၊ စီးပွားရေးလုပ်သူ စသည်အပေါ် မူတည်၍ ကွဲပြားနိုင်သည်။

ပူဇော်ထိုက်သူကို ပူဇော် (အနန္တကျေးဇူးရှင် ၅ဦး)
   ဘုရား ၊ တရား ၊ သံဃာ ၊      ဆရာ ၊ မိဘ
                                        (အချိန် ကန့်သတ်မှု ရှိ)

၂။ ပတိရူပသည်လည်း ကလေးအတွက် ပိုအရေးပါသည်။
  ကုသိုလ် ၊ ပညာ ၊ ဥစ္စာ ၊ ကျန်းမာရေး
  ဈေး     ၊       ရဲစခန်း  ၊      ဆေးရုံ    [အင်္ဂလိပ်တွေ မြို့ ပြသစ် တည်ဆောက်ဖို့အတွက် ဦးစွာပြုလုပ်]

၃။ အတိတ်ကံကောင်းခြင်းသည်လည်း ကလေးအတွက် ပိုအရေးပါသည်။

၎။ အတ္တသမာ .. သည် ကလေးတွေကို ယုံကြည်မှု တည်ဆောက်ပေးခြင်း (ပိုအရေးကြီး ၊ အဋ္ဌာကထာအရ)


ဗဟုသိစ္စ .. စသည် မူလတန်း မှ အထက်တန်း အထိ
သိပ္ပ .. စသည် တက္ကသိုလ် major ရွေးချယ်သလို မျိုး

ဝိနယော .. စသည် စည်းကမ်း ၊ ယဉ်ကျေးမှု သဘော သဘာဝ
               cilvilized , society  အစဉ်အလာ ဓလေ့ထုံးစံ

သုဘာသိတာစ ယာဝါစာ  စကားပြော ယဉ်ကျေးမှု
(သမာဝါစာ)  မှန်တယ် ၊ အကျိုးရှိ ၊ နားဝင်ချို
                 မှန်တယ် ၊ အကျိုးရှိ ၊ နားဝင်မချို  
                         အသက်၂၄ - ၅ နှစ် အရွယ်
Responsibilities (ဖေးမ ကူညီ)
.. မိဘ ၊ သားသမီး
   ယောက်ျား ၊ မိန်းမ
  (financial ၊ Emotionality ၊ Morality)

အနာကုလစ .. စသည် သူတစ်ပါးကို မထိခိုက်စေသင့်ပါ။
(စီးပွားရှာ၍ အကုသိုလ် မဖြစ်စေသင့်ပါ)

ဒါနဉ္စ .. စသည် ကိုယ် နှင့် တိုက်ရိုက် မပတ်သက်သောသူတွေအတွက် ဒါန ပေးကမ်းခြင်း (သုစရိုက် ၁၀ပါး)

ဉာတကာ .. စသည် သင်္ဂဟဝတ္ထု ၄ပါး

အနဝစ္စနိ .. စသည် စီးပွားရှာရာတွင် သူတစ်ပါးကောင်းကျိုးကိုပါ ထည့်သွင်း စဉ်းစားလာသည်။

အာရတီ .. စသည် မကောင်းမှုတွေကို အဝေးကနေ ရှောင်ပါ။
(စိတ်ဓါတ် မခိုင်မာသေးဘူးဆိုရင် အဝေးကနေ ရှောင်ပါ)

ဝီရတီ .. စသည် မျက်နှာချင်းဆိုင် ဆုံရင်တောင် ရှောင်ပါ။
မဇ္ဖပါန .. စသည် မူးယစ် သေစာ တို့ကိုပါ ရှောင်ပါ။
အပ္ပမဒေါစ .. စသည် သတိတရားဖြင့် ပြည့်စုံစွာ နေပါ။
အသက် ၅၀ - ၆၀ အရွယ်

ဂါရဝ .. စသည် မာန်မတက်ပါနဲ့  ကျေးဇူးမကန်းနဲ့
နိဝါတောစ .. စသည် respect စိတ်ဓါတ်ရေးရာ ၊ ပညာရေးရာ
(အပြန်အလှန် အသိအမှတ်ပြု လေးစားတာ)

သန္တုဋ္ဌိစ .. စသည် ရောင့်ရဲခြင်း
ကတင်ညုတာ .. စသည် ကျေးဇူးဆပ်
ကာလေန ဓမ္မသာဝနာ .. စသည် အခွင့်အခါသင့်ရင် တရားနာပါ
အသက် ၇၀ - ၈၀ အရွယ်
ခန္တီစ .. စသည် သည်းခံခြင်း ၊ ဆိုဆုံးမလွယ်ခြင်း
သာမဏေ .. စသည် ရဟန်း ဖူးမြောပါ
ဓမ္မသာကစ္စာ .. လေ့လာ ဆွေးနွေး သုံးသပ်ပါ

တပေါစ .. စသည် မြင့်မြတ်သော ကျင့်စဉ်
ဗြဟ္မစရိယာ .. စသည် ဗြဟ္မဝိဟာရတရား ၄ပါး
အရိယာသစ္စာန .. စသည် အရိယာသစ္စာ လောကုတ္တရား 



Monday, 19 March 2018

မြတ်စွာဘုရားအား ရှိခိုးပူဇော်ခြင်း


၁။ ငါးမာန်အောင်မြင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၂။ ကိလေသာကင်းစင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၃။ သစ္စာသိမြင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၎။ အနန္တဂုဏ်အင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၅။ ငြိမ်အေးသခင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၆။ သံသရာကယ်တင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၇။ နိဗ္ဗာန်စံဝင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၈။ ပရိနိဗ္ဗာန်စံဝင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

သာဓု သာဓု သာဓု


Saturday, 3 March 2018

ငါ၏ စိတ်သည် အနတ္တ

ဘုန်းဘုန်း ဓမ္မသာမိ ဟောကြားထားသော Insecure Mind (မလုံခြုံသော စိတ်)၊ အောင်လံဆရာတော် ဟောကြားထားသော လူယုံလူသတ်သမား တို့ ဆက်စပ်မှုရှိနိုင်တယ်လို့ တွေးမိပါတယ်။ အဲဒီ မလုံခြုံသောစိတ်တွေ ဖြစ်လာတိုင်း၊ ငါပဲ ငါ့စိတ်ပဲလို့ ထင်လာတတ်ပါတယ်၊ အဲ့လိုထင်မြင် ယုံမှတ်လာစေပြီး ဒုက္ခပေးတတ်လို့ လူယုံလူသတ်သမားနှင့် တူပါတယ်။ 

အဲဒီ မလုံခြုံသောစိတ်၊ လူယုံလူသတ်သမားနှင့်, ရန်လည်းမဖြစ်၊ ထွက်လည်းမပြေးပါနဲ့။ အဲဒီစိတ်လေး ဖြစ်နေတယ်လို့ အသိအမှတ်ပြုပါ၊ သတိထား၍ စွန့်လွတ်ပါ။ Register and Release Mindfully!

ကိုယ်တွေ စိတ်ညစ်ညူးတိုင်း ဤကဗျာလေးကို ရွတ်နေမိတတ်တယ်။

Friday, 2 March 2018

Red Hat

open source software ထုတ်ကုန်တွေရော၊ စီးပွားဖြစ် လုပ်ငန်းသုံး enterprise အတွက်ရော ဝန်ဆောင်မှုပေးသော လုပ်ငန်းတစ်ခု၊ ၁၉၉၃ ခုနှစ်က တည်ထောင်ခဲ့တယ်။ ၂၀၀၆ ခုနှစ် မေလလောက်မှာ Jboss လုပ်ငန်းကို ပိုင်ဆိုင်တယ်၊ သူတို့ရဲ့  enterprise OS ဖြစ်တဲ့ Red Hat Enterprise Linux နှင့်ပေါင်းစပ်ပြီး လုပ်ငန်းကြီးလာတယ်။ open source softwares တွေကိုလည်း လုပ်တယ်၊ စီးပွားဖြစ် software ဝန်ဆောင်မှုတွေကိုလည်း ပေးတယ်။

၁၉၉၄မှာ Marc Ewing ဆိုသူက သူ့ကိုယ်ပိုင် Linux distribution ဖန်တီးခဲ့တယ်၊ Red Hat Linux လို့ နာမည်ပေးခဲ့တယ်။ တက္ကသိုလ်တစ်ခုရဲ့  အနီရောင် ဦးထုပ် (a red Cornell University lacrosse hat) ကို Marc Ewing ရဲ့ အဖိုးက ပေးဆောင်းတာကို အမှတ်ပြုပြီး Red Hat ဆိုတဲ့ နာမည်ရလာခဲ့တယ်။ Bob Young ဆိုသူက Ewing ရဲ့  လုပ်ငန်းကို ၁၉၉၅ ခုနှစ်မှာ ဝယ်ယူခဲ့တယ်၊ Young က CEO အဖြစ် တာဝန်ယူတယ်။

Fedora – community based operating system တစ်ခုဖြစ်တယ်။ Red Hat Linux ကို Red Hat Enterprise Linux (RHEL) နှင့် Fedora ဆိုပြီး အလုပ်နှစ်ခုခွဲလိုက်တယ်။ Fedora project က Free and Open Source Software (FOSS) တစ်ခု အနေဖြင့် ရပ်တည်တယ်၊ RHEL ကို စီးပွားဖြစ် ဝန်ဆောင်မှု ပေးတယ်။

CentOS – community enterprise operating system (centOS) တစ်ခုဖြစ်တယ်။ free enterprise-class, community-supported ဖြစ်တယ်၊ RHEL နှင့် compatible ဖြစ်တယ်။ CentOS project က users နှင့် organizations sponsors တို့၏ ရန်ပုံငွေပေါ် မှီခိုတယ်။

Openstack – cloud computing အတွက် free and open source software platform တစ်ခုဖြစ်တယ်။

WildFly – အရင်က Jboss ယခု WildFly ဆိုသောနာမည်ရ application server တစ်ခုဖြစ်တယ်၊ Java ကို အသုံးပြုထားပြီး၊ multiple platforms ပေါ်မှာ အသုံးပြုနိုင်တယ်၊ GNU လိုင်စင်အောက်က free and open-source software  တစ်ခုလည်းဖြစ်တယ်။

OpenShift – container-based software deployment and management အတွက် Red Hat ရဲ့  ထုတ်ကုန်တစ်ခု ဖြစ်တယ်၊ Go နှင့် AngularJS အပြင် အခြား programming languages တွေကို အသုံးပြု၍ ရေးသားတည်ဆောက်ထားတာ ဖြစ်တယ်၊ Kubernetes container application ၏ ထောက်ပံ့မှုအပေါ်မှာ မှီခိုတယ်။ free and pro version နှစ်ခုရှိတယ်။ RHEL အပေါ်မှာ OpenShift Container Platform ကို deploy လုပ်နိုင်တယ်။

Kubernetes – open source, automating deployment application တခုဖြစ်တယ်။ အစောပိုင်းက Google က ဒီဇိုင်းဆွဲခဲ့တာ ဖြစ်တယ်၊ နောက်ပိုင်းမှာ Cloud Native Computing Foundation က ပြုပြင်ထိန်းသိမ်းပါတယ်။ Docker နှင့် တွဲဖက်၍ အလုပ်လုပ်နိုင်တယ်။

Red Hat ရဲ့ လုပ်ငန်းက open source software အပေါ်အခြေခံပြီး professional supports တွေဖြင့် စီးပွားရေး လည်ပတ်ပါတယ်။ ကိုယ်တွေလည်း သူတို့ရဲ့  အနီရောင် ဦးထုပ်ကို ဆောင်းနိုင်ဖို့ စိတ်ကူးယဉ် ခဲ့ဖူးပါတယ်။ သူတို့ရဲ့  စီးပွားရေးကိုလည်း ရူးသွပ်ခဲ့ဖူးပါတယ်။

အများအားဖြင့် wikipedia ကနေ ရေးထားတာဖြစ်ပါတယ်၊ တစ်ချို.အကြောင်းအရာတွေကို ချန်ထားခဲ့ပါတယ်။



Saturday, 17 February 2018

Sun Microsystems

တစ်ချိန်က Open Source အိုင်တီလောကမှာ ဒိတ်ဒိတ်ကြဲ ထင်ရှားခဲ့တဲ့ Sun Microsystems ကျဆုံးရခြင်း၏ အကြောင်းရင်းကို ရှာဖတ်ဖြစ်ပါတယ်။

Sun Microsystems သည် အစောပိုင်းမှာ x86 ကို အထင်သေးခဲ့တယ်။ အထင်သေးမယ်ဆိုလည်း ဖြစ်လောက်ပါတယ်, သူတို့က Solaris, Sparc တို့ကို ထုတ်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ (Solaris OS + Sparc) က (Linux OS + x86) ကို မယှဉ်နိုင်ခဲ့ဘူး။

Sparc, Solaris OS, Star Office, Open Office, Java, StorageTek, MySQL စသည်တို့ကနေ အကျိုးအမြတ်ရအောင် မဖန်တီးနိုင်ခဲ့ဘူး။

သို့သော်လည်း သူတို့ အားထုတ်ခဲ့တဲ့ Open Office, Java, MySQL တို့သည် အခုချိန်ထိ အတိုင်းအတာတစ်ခုအထိ အခမဲ့ အသုံးပြုနိုင်ကြတယ်။

သူတို့ရဲ့ Java ကလေး နဲ့ Open Office ကလေး တွေနဲ့ ကိုယ်တွေလည်း အလုပ်ဖြစ်နေတာပါ
 
Reference:
https://www.networkworld.com/article/2268096/servers/the-downfall-of-sun-microsystems.html