မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..
Sunday, 16 February 2014
ပရိတ်၏ သိကောင်းစရာ
ပရိတ်ဆိုသည်မှာ အကာအကွယ်ဟု အနက်အဓိပ္ပါယ်ရပါသည်။ အိမ်ကို အကာအကွယ် လုပ်ရသကဲ့သို့ အိမ်နှင့်တူသော ခန္ဓာကိုလည်း အကာအကွယ် လုပ်ပေးရပါသည်။ အန္တာရယ်ကင်းအောင် ပရိတ်ရွတ်ပေးရပါသည်။ ပရိတ်ရွတ်ရာတွင် စည်းကမ်းရှိရပါသည်။
ပရိတ်ရွတ်ဖတ်ပူဇော်သူတို့၏စည်းကမ်း ပရိတ်နာကြားသူတို့၏စည်းကမ်း
၁။ မှန်မှန်ကန်ကန် ရွတ်ဖတ်ရသည်။ ၄။ ကံကြီးမကျူးလွန်ထားသူ ဖြစ်ရသည်။
၂။ အနက်အဓိပ္ပါယ် နားလည်ရသည်။ ၅။ အယူမမှားသူ ဖြစ်ရသည်။
၃။ ဂရုဏာ ရှိရသည်။ ၆။ ယုံကြည်မှုရှိသူ ဖြစ်ရသည်။
၇။ လေးစားမှုရှိသူ ဖြစ်ရသည်။
ပရိတ်ရွတ်သူ၊ နာကြားသူတို့၏ စည်းကမ်း ၇ချက်ပြည့်စုံမှ ပရိတ်သည် အစွမ်းထက်ပါသည်။
ခန္တသုတ်သည် အဆိပ်အတောက်တွေကို ပြေစေနိုင်ပါသည်။ အဆိပ်ရှိသော အရာတွေအားလုံးကို ပြေပျောက်စေနိုင်ပါသည်။
ဖမ်းဆီး၊ ချုပ်နှောင်မှု၊ အတားအဆီး အဟန့်အတား၊ မလိုချင်ဘူးဆိုရင် မောရသုတ်ကို ရွတ်ဖတ် ပူဇော်သင့်ပါသည်။ မောရသုတ်ကို နံနက် နေထွက်ချိန် တကြိမ်၊ နေ၀င်ချိန် တကြိမ်၊ တနေ့ နှစ်ကြိမ် ရွတ်ဖတ် ပူဇော်နေပါက ၂၄ နာရီကာလ ပတ်လုံး အဖမ်းအဆီး၊ အချုပ်အနှောင်၊ အတားအဆီး မရှိအောင် မိမိတို့အား ကာကွယ်စောင့်ရှောက်နေမှာ ဖြစ်ပါသည်။
မိမိတို့၏ ပစ္စည်းဥစ္စာများ ရန်သူမျိုး ၅ပါးတို့မှ ကာကွယ်နိုင်ရန် ၀ဋ္ဋသုတ်ကို ရွတ်ဖတ် ပူဇော်သင့်ပါသည်။
ဝဋ္ဋသုတ်သည် အချိန်ကာလအားဖြင့် ကမ္ဘာတစ်ခု ကာလပတ်လုံး အစွမ်းထက်ပါသည်။
ကောင်းကင် လေယဉ်စီး ခရီးသွားသူများ အန္တာရယ် ကင်းရှင်းနိုင်စေရန်၊ ကြောက်တတ်သူများ အကြောက်ပြေစေနိုင်ရန် ဓဇဂ္ဂသုတ်ကို ရွတ်ဖတ် ပူဇော်သင့်ပါသည်။ ဓဇဂ္ဂသုတ်သည် ကမ္ဘာတစ်သိန်းတိတိ အပါယ် မကျအောင် တားဆီးနိုင်သော အစွမ်းရှိပါသည်။
အသက် အန္တာရယ်၊ ရောဂါ အန္တာရယ် အရမ်းကြီးမှ အာဋာနာဋိယသုတ်ကို ရွတ်ဖတ်ပူဇော်သင့်ပါသည်။ နတ်မင်းကြီး လေးပါးတို့၏ အာဏာစက်ဖြစ်ပါသည်။ ရတနာ ၃ပါးကို ယုံကြည်၊ ပူဇော် ဆည်းကပ်သူတို့အား နှောင့်ယှက်တတ်သော မကောင်းသော နတ်၊ မကောင်းသော ဘီလူး၊ အစရှိသူတို့အား အပြစ်ပေးနိုင်သော အမိန့်အာဏာစက်ဖြစ်သည်။ အမိန့်ဖီဆန်သူတို့အား
၁။ နတ်သဘင် အစည်းအဝေး ပိတ်ပင်နိုင်သည်။
၂။ ဘုံဗိမာန်မှ နှင်ထုတ်နိုင်သည်။
၃။ ကဲ့ရဲ့  ရှုံ့ ချမှု ပြုနိုင်သည်။
၎။ သေဒဏ် ပေးနိုင်ပါသည်။
ကိုယ်ဝန်သည်များအတွက်သာမဟုတ်၊ ၀မ်းဗိုက်နာတတ်သည့်၊ ၀မ်းဗိုက်နှင့် ဆက်စပ်သည့် ပြသနာများမှ သက်သာပျောက်ကင်းစေရန် အင်္ဂုလိမာလသုတ်ကို ရွတ်ဖတ်ပူဇော်သင့်ပါသည်။ အင်္ဂုလိမာလသုတ်သည် ၀ဋ္ဋသုတ်ကဲ့သို့ အချိန်ကာလအားဖြင့် ကမ္ဘာတစ်ခု ကာလပတ်လုံး အစွမ်းထက်ပါသည်။
ရောဂါဘယ ခံစားနေရမှု ဆင်းရဲခြင်းမှ သက်သာပျောက်ကင်းစေရန် ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်ပူဇော်သင့်ပါသည်။ သံသရာ ၀ဠ်ဆင်းရဲခြင်းမှ ကင်းလွတ်ရန်အတွက် တရားထိုင်သည့်အချိန်တွင်လည်း ဗောဇ္ဈသုတ်ကို အသုံးပြုနိုင်ပါသည်။ ဗောဇ္ဈင်္ဂသုတ်တွင် ၇ပါး ရှိပါသည်။
၁။ သတိ
၂။ ဓမ္မ
၃။ ၀ီရိယ
၎။ ပီတိ
၅။ ပဿဒ္ဓိ
၆။ သမာဓိ
၇။ ဥပေက္ခာ တို့ဖြစ်ကြသည်။
တချို့ တချို့ သော ကိစ္စတွေ အထမြောက် ပြီးပြည့်စုံစေဖို့အတွက် သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံရုံနှင့်မရ၊ မေတ္တာဓါတ်လည်း ပြည့်စုံဖို့လိုအပ်သည်။ ထို့အတွက် မေတ္တာသုတ်ကို ပူဇော်သင့်ပါသည်။ မေတ္တာသုတ် ပူဇော်ရန် အင်္ဂါ ၁၅ပါး ပြည့်စုံရပါသည်။
၁။ မေတ္တာ ပို့နိုင်စွမ်း ရှိရသည်။
၂။ ကာယကံ၊ ၀ဇီကံ ထိန်းနိုင်ရသည်။
၃။ မနောကံ ထိန်းနိုင်ရသည်။
၎။ ဆုံးမ ခံနိုင်စွမ်းရှိရသည်။
၅။ ကံ ၃ပါး နူးညံ့ရသည်။
၆။ မာန မရှိရဘူး။
၇။ ရောင့်ရဲတင်းတိမ်ရသည်။
၈။ ဂျီး မများရဘူး။
၉။ အလုပ်မရှုပ်ရဘူး။
၁၀။ ပေါ့ပါးသွက်လတ်ရသည်။
၁၁။ အိနြေ္ဒထိန်းရသည်။
၁၂။ ဥာဏ်နှင့် ယှဉ်နေရသည်။
၁၃။ ဆွေမျိုးအပေါ် အစွဲအလန်း မရှိသင့်။
၁၄။ ကိုယ်နှုတ်မကြမ်းရဘူး။
၁၅။ ပညာရှိသူတော်ကောင်းဖြစ်ရသည်။
မင်္ဂလသုတ်သည် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် မင်္ဂလသုတ်သည် ကျင့်ကြံပွားများ အားထုတ်သင့်သော ပရိတ်ဖြစ်ပါသည်။
ဆရာတော် အရှင်ဥာဏ၀ရ ပို့ချသော ပရိတ်၏ သိကောင်းစရာ သင်တန်းမှ ကျွန်တော် မှတ်ထားမိသလောက် ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ ဆရာတော်၏ သင်တန်းပို့ချထားသော အသံဖိုင်များကို အောက်တွင်ရှိသော link မှတဆင့် နာယူ၊ ပူဇော်နိုင်ပါသည်။ အသံဖိုင်နှင့် တိုက်ဆိုင်စစ်ဆေးပြီး အရေးအသား၌ လွှဲချော်မှုရှိခဲ့ပါလျှင် ကျွန်တော်၏ အရေးအသား မှားယွင်းမှုသာဖြစ်ပါသည်။
To learn Pa Yate
Subscribe to:
Post Comments (Atom)
No comments:
Post a Comment