မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Friday, 21 February 2014

ပရောင်းနင်း

အရင်တုန်းက ဖှစ်ရှင်းသာ ကြားဖူ့းပါသည်။ ပရောင်းနင်းဆိုတာကို မကြားခဲ့ဖူးပါ။ စင်္ကာပူနိုင်ငံမှာ ဖှစ်ရှင်းထက် ပရောင်းနင်းကို လူကြိုက်များကြပါသည်။ မြန်မာနိုင်ငံမှာတော့ စိတ်အပန်းဖြေတခုအနေဖြင့် နေရာတခုကိုသွားပြီး လူတစ်ချို့ သည် ဖှစ်ရှင်းလုပ်လေ့ရှိပါသည်။ ကျွန်တော် အရင်တုန်းက  ဖှစ်ရှင်းကိုလည်း မလုပ်ခဲ့ဘူး၊ ပရောင်းနင်းကိုလည်း မလုပ်ခဲ့ပါဘူး။

သောကြာနေ့ ဖေဖော်ဝါရီ ၂၁ရက် ၂၀၁၄ ညနေက ပွန်ဂိုး တဖက်မှာရှိတဲ့ ရေဗားရီးယားမှာ ပရောင်းနင်း အစီအစဉ်ရှိခဲ့ပါသည်။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ခင်မင်ရင်းနှီးမှု ပိုရစေလိုသော စိတ်ဆန္ဒဖြင့် ပထမဆုံးအကြိမ်အဖြစ် သွားရောက်ဖြစ်ခဲ့ပါသည်။

ပရောင်းနင်းလုပ်ဖို့အတွက် စိတ်ကို တည်ငြိမ်ရပါသည်။ အလုပ်ပေါ်မှာ အာရုံစူးစိုက်မှုရှိရပါသည်။ အချိန်အခါကိုလည်း သိနေရပါသည်။ သို့မှသာ ပရောင်းနင်း ကောင်းကောင်းလုပ်နိုင်ပါလိမ့်မည်။

ပရောင်းနင်းလုပ်နေချိန်မှာ ဖမ်းမိသည့် ပုဇွန်ကောင်လေးတွေ အသက်ဆန့်ငင်၊ ဆန့်ငင် ဖြစ်နေတာကို မြင်မိပြီး စိတ်မကောင်းဖြစ်ခဲ့ပါသည်။ မိမိတယောက်၏ စိတ်အပန်းဖြေသဘောမျိုး အနေဖြင့် သတ္တ၀ါလေးတွေ သေကြေပျက်စီးရတာ ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ် မဖြစ်သင့်ဘူးလို့ ထင်မိပါသည်။ ထို့ကြောင့် နောင်တကြိမ် သည်လို ပရောင်းနင်းအစီအစဉ်မျိုးကို ဘယ်တော့မှ မသွားတော့ဘူး၊ မလုပ်တော့ဘူးလို့ စိတ်ဆုံးဖြတ်ခဲ့ပါသည်။










No comments:

Post a Comment