ကော်ဖီသည် သွေးပေါင်ကို မြင့်တက်စေသည်။ ဦးနှောက်ကို တက်ကြွ လန်းဆန်းစေသည်။ ကော်ဖီသောက်တာ များသွားရင် ကတုန်ကရင် ဖြစ်တတ်သည်။ ညဘက်ကော်ဖီသောက်ပြီး အိပ်မပျော်တတ်တာမျိုး ဖြစ်တတ်သည်။ တနေ့ကို ကော်ဖီ နှစ်ခွက်၊ သုံးခွက် သောက်တာ အသင့်တော်ဆုံးဖြစ်သည်။ မနက်စောစောနှင့် နေ့ခင်းပိုင်းလောက်မှာ သောက်သုံးသင့်ပါသည်။
ရန်ကုန်မှာတုန်းက ကော်ဖီပလိန်း၊ ကော်ဖီရှယ်၊ ဘလက်ကော်ဖီ နှင့် ကော်ဖီအော ဆိုင်သောက်ကော်ဖီ လေးမျိုးလောက်သာ ကြားဖူးခဲ့သည်။ အောက်၌ မြင်သည့်အတိုင်း စင်္ကာပူနိုင်ငံမှာ သည်ထက် ပိုများပါသည်။
Kopi - ကိုပီ, ကော်ဖီရည်ပြစ်ပြစ်
Kopi O - ကိုပီအို, ဘလက်ကော်ဖီ
Kopi Kosong - ကိုပီ ကောက်စွန်း, သကြားလျှော့ထားသော ကော်ဖီ
Kopi C - ကိုပီ စီ, သကြားပါပြီး နို့လျှော့ထားသော ကော်ဖီ
Kopi C Kosong - ကိုပီ စီ ကောက်စွန်း, သကြားရော နို့ရော လျှော့ထားသော ကော်ဖီ
Kopi Peng - ကိုပီ ပိန်း, ကော်ဖီအေး
Kopi O Peng - ကိုပီအိုပိန်း, သကြားပါပြီး နို့မပါသော ကော်ဖီအေး
Teh - တေ, ပုံမှန် လက်ဖက်ရည်
Teh O - တေအို, သကြားပါပြီး နို့မပါသော လက်ဖက်ရည်
ကျွန်တော်သည် ကော်ဖီထက် လက်ဖက်ရည်ကို ပိုကြိုက်သောကြောင့် ဆိုင်သောက်မှာလျှင် ပုံမှန် လက်ဖက်ရည် Teh ကို မှာလေ့ရှိသည်။ ရုံးမှာသောက်ဖြစ်ခဲ့လျှင် အမြှပ်ပါသော ကပါချီနို ကော်ဖီမျိုး၊ ဒါမှမဟုတ် Nescafe ကော်ဖီမစ် အထုတ်တွေကို သောက်လေ့ရှိသည်။ ပေါင်မုန့်၊ သို့မဟုတ် မနက်စာ တခုခု စားပြီးလျှင် ကော်ဖီတခွက်၊ နေ့လည်စာ စားပြီးလျှင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည် တခွက်၊ တနေ့လျှင် နှစ်ခွက် အနည်းဆုံး သောက်ဖြစ်ပါသည်။ သို့မဟုတ်ပါက ရုံးမှာ အိပ်ငိုက်နေတတ်သည်။
သည်တကြိမ်တော့ Nescafe တံဆိပ် White Coffee အထုပ်ကို စမ်းသောက်ကြည့်တာ၊ အရသာလည်းရှိ၊ အနံ့လည်း မွှေး၊ ပုံမှန် ကော်ဖီထက် မပြင်းဘူးဆိုတော့ သဘောတွေ့နေမိပါသည်။
No comments:
Post a Comment