မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Saturday, 8 February 2014

၂၀၁၄ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်

စင်္ကာပူနိုင်ငံသည် အရှေ့ တောင် အာရှနိုင်ငံများတွင် ရုံးပိတ်ရက် အနည်းဆုံးရှိသည့် နိုင်ငံတခုဖြစ်သည်။ ထို့အတွက်ကြောင့် အစိုးရ ရုံးပိတ်ရက်များသည် ပုံမှန် ရုံးပိတ်ရက်များဖြစ်ကြသော စနေ၊ တနင်္ဂနွေ နေ့ရက်များနှင့် တိုက်ဆိုင်နေပါက ခွင့်ရက် အစားပြန်ထိုးပေးတတ်သော အလေ့အထရှိသည့် နိုင်ငံဖြစ်ပါသည်။

၂၀၁၄ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲဖို့အတွက် စင်္ကာပူနိုင်ငံတွင် ရုံးပိတ်ရက် ၂ရက် ရှိပါသည်။ ထိုရုံးပိတ်ရက်သည် သောကြာနေ့ နှင့် စနေနေ့ တွင် ကျရောက်ပါသည်။ ပုံမှန် ရုံးပိတ်ရက် စနေနေ့တွင် ကျရောက်နေသဖြင့် တနင်္လာနေ့ တရက်ကို အစားပြန်ထိုးပေးသောကြောင့် တနင်္လာနေ့လည်း ရုံးပိတ်ပါသည်။ ထို့ကြောင့် ပုံမှန် ရုံးဝန်ထမ်း တစ်ဦးအတွက်ဆိုရင် သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ ပိတ်ရက် ၄ရက်တောင် ရရှိကြပါသည်။ ခွင့်ရက်ရှည် ရသည်လို့ ခေါ်နိုင်ပါသည်။ မိမိ၏ မွေးနိုင်ငံဆီ ပြန်သောသူများရှိသလို၊ တခြားနိုင်ငံများဆီသို့ အလည်သွားသူများလည်း ရှိကြပါသည်။

သောကြာနေ့တွင် ၀ါသနာတူ သူငယ်ချင်းများနှင့် MBS နှင့် Sentosa သို့သွားရောက်၍ ဓါတ်ပုံရိုက်ထွက်ခဲ့သည်။ စနေနေ့တွင် ပရိတ်နှင့် ပက်သက်သော သိကောင်းစရာ သင်တန်း၊ တနင်္ဂနွေနေ့တွင် အဘိဓမ္မာ သင်တန်းကို တက်ရောက် လေ့လာဖြစ်ခဲ့သည်။ တနင်္လာနေ့တွင် မိမိ၏ အခန်းမှာ အနားယူခဲ့ပါသည်။




































No comments:

Post a Comment