မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Wednesday, 19 February 2014

ကျွန်တော်ကြိုက်နှစ်သက်သော KISS

KISS ကို ကျွန်တော် ကြိုက်နှစ်သက်ပါသည်။ အနမ်းကို ပြောချင်တာမဟုတ်ပါ။ KISS Principle ကို ပြောချင်တာ ဖြစ်ပါသည်။ KISS Principle ၏ အဓိပ္ပါယ်မှာ Keep It Simple, Stupid (KISS) ဖြစ်ပါသည်။

KISS Princple သည် ဆော့ဝဲလ် အင်ဂျင်နီယာတွေ လိုက်နာ ကျင့်သုံးသင့်သည့် Principle ဖြစ်ပါသည်။ 
ငတုံး၊ ငအ ပြုမူကြံတွေးသလို အရိုးရှင်းဆုံးပုံစံဖြင့် ရှုပ်ထွေးသော ပြသနာတွေကို  ဖြေရှင်းသည့် နည်းဖြစ်ပါသည်။ အရိုးရှင်းဆုံးပုံစံဖြင့်ဖြေရှင်းခြင်းသည် အစွမ်းထက်ဆုံးလက်နက်ဖြင့်ဖြေရှင်းနည်းပုံစံတခု ဖြစ်ပါသည်။ ပြသနာတွေကို ဖြေရှင်းသည့်အချိန်တွင် မိမိကိုယ်ကို Super Hero တယောက်လို သတ်မှတ်၍ မာနတက်ပြီး ဖြေရှင်းမိပါက တခါတရံ ခုတ်ရာ တခြား၊ ရှရာ တခြား တလွဲလုပ်မိတတ်ပါသည်။ မလိုအပ်ဘဲ ပိုမိုရှုပ်ထွေးစေတတ်ပါသည်။ 

KISS Principle ကို အသုံးပြုခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသည်။
         ၁။ ပြသနာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ပါလိမ့်မည်။
         ၂။ အရည်သွေးမြင့်မားသော စံနစ်တွေ၊ ကုဒ်ဒင်းတွေ ရေးနိုင်ပါလိမ့်မည်။
         ၃။ ဆော့ဝဲလ် စံနစ်တွေကို ထိန်းသိမ်းရာ၌ လွယ်ကူလာပါလိမ့်မည်။

လုပ်ဆောင်ရန် ရှိနေသော မိမိတို့၏ အလုပ်၊ တာဝန် အကြီးကြီးတွေကို ခပ်သေးသေးလေးတွေဖြစ်အောင် ပိုင်းခြားပြီးမှ အလုပ်လုပ်သင့်ပါသည်။ KISS Principle သည် ဂျာဗား ပရိုဂရမ် တမျိုး၌သာ အသုံးတည့်သည် မဟုတ်ပါ၊ အခြားသော ပရိုဂရမ် ဘသာရပ်များတွင်လည်း အသုံးဝင်၊ အသုံးတည့်ပါသည်။ ယုတ်စွအဆုံး မိမိတို့၏ဘ၀တွင် ကြုံတွေ့ရသော တော်တော်များများ  ပြသနာ၊ ကိစ္စရပ်များတွင်လည်း အသုံးပြုနိုင်ပါသည်။ 

ထူးခြားချက်အနေဖြင့် KISS Principle သည် ပြသနာများကို အရိုးရှင်းဆုံး ပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းသည့် ပုံစံဖြစ်သော်လည်း KISS Principle တွေကို အသုံးပြုနေသော ဆော့ဝဲလ် အင်ဂျင်နီယာတို့၏ ဘ၀သည် ရိုးရှင်းမနေပါ၊ ပြသနာများနှင့် လည်ပတ်နေရပါသည်။ သူတို့၏ ဘ၀ရှင်သန်မှုလည်း ဖြစ်ပါသည်။

ဟုတ်၊ မဟုတ်တော့ မသိပါ။ KISS Principle ကို မိမိတို့၏ စိတ်ခံစားချက်နှင့် ပတ်သက်သော အချစ်ရေးကိစ္စရပ်များနှင့် အိမ်ထောင်ရေးကိစ္စရပ်များတွင် အသုံးမချသင့်ကြောင်းကို အောက်၌ ရှိသော Link တွင် တွေ့ရှိနိုင်ပါသည်။


No comments:

Post a Comment