မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Thursday, 27 February 2014

ပူမှု ရယ်တဲ့ ဆယ်ကုဋေ

လူတခု ပူမှု ရယ်တဲ့ ဆယ်ကုဋေ
          ပူတယ်လေ နေဆယ်စင်းကွဲ့ 
                     ငါ့အပူ နင်တို့ထက် ကဲ ။

ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်အတိုင်း လူရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ အပူမီးဆိုတဲ့ ကိစ္စတွေဟာ ဆယ်ကုဋေလောက်တောင် ရှိတတ်တယ်လို့ဆိုပါတယ်။ နေဆယ်စင်း တပြိုင်နက်ထွက်သလို ပူလောင်လွန်းတတ်ပါတယ်။ မိမိတို့၏ အပူမီးတွေဟာ သူတပါးတို့ထက် များပြားလွန်းတယ်လို့ လူတိုင်းထင်နေကြမှာပါ။

လက်ရှိအလုပ်မှာ အဆင်မပြေလို့ အလုပ်သစ်ကိုရှာရ၊ ပူရသည့် အပူ။ အသက်ငယ်ရွယ်သေးတဲ့ ကိုယ့်ညီငယ် ကိုယ့်ညီမငယ်လေးတွေ မိမိတို့၏ ရည်းစားတို့နှင့် ခိုးရာလိုက်ပြေးလို့ သူတို့တွေ အဆင်မပြေဖြစ်နေသည့်အတွက် ပူရသည့် အပူ။ အတူတူနေ မိမိ၏ အခန်းဖော်နှင့် အဆင်မပြေဖြစ်လို့ နောက်ထပ် အိမ်ခန်းအသစ်ရှာရင် အဆင်ပြေမှ ပြေပါ့မလားလို့ ပူရသည့်အပူ။ မိမိကိုယ်တိုင် နှင့် မိမိ၏ မိဘ၊ ဦးကြီးဒေါ်ကြီး၊ မောင်နှမများ အဆင်မပြေ၊ နေထိုင်မကောင်းဖြစ်ပြီး ပူရသည့် အပူ။ သည်လောက်များပြားလှတဲ့ အပူတွေကြားထဲက နောက်ထပ်အပူတစ်မျိုးက ထူးထူး ခြားခြား ရှိသေးသည်။

ယောက်ျားသားဆိုရင် တော်သေးသည်။ အခုဟာက အဖွားကြီးတွေ။ ကိုယ့်ကိုယ်ကို strong women လို့ကြေငြာပြီး ကိုယ့်ထက်အသက်များစွာငယ်တဲ့ ယောက်ျားသားတွေကို စိတ်အနှောက်ယှက်ပေးတာ အားမရ၊ သူတို့၏ အပေါင်းအသင်းများကို စိတ်အနှောက်ယှက်ပေးလို့ စိတ်ညစ်ရသည့် အပူ။ အဲသည်လို အနှောက်ယှက်ပေးသည့်နေရာမှာ strong ဖြစ်တယ်လို့ ပြောချင်တာလားမသိ။ ကိုယ့်ကိုယ်ကို strong ဖြစ်လာပြီလို့ ခံစားရရင် သတိထားနေပေတော့။ (အပျိုဟိုင်းကြီးတွေကို သတိထား ဆက်ဆံတတ်စေရန် စေတနာဖြင့် သတိပေးပါသည်။ စာဖတ်သူကိုယ်တိုင် အပျိုဟိုင်းကြီး၊ လူပျိုဟိုင်းကြီး ဖြစ်နေသည်ဆိုရင် မိမိကိုယ်တိုင် သတိထား နေနိုင်ရန်အတွက်သာ ဖြစ်ပါသည်။)

ကိုယ့်ကိုယ်ကို strong women ဆိုရင်လည်း ကိုယ့်ဘာသာ တယောက်တည်း ရပ်တည်ပြီး အေးအေးဆေးဆေး နေတော့ပါလား။ ဘာလို့ သူတပါးကို စိတ်အနှောက်ယှက်ပေးချင်ရတာလည်း မသိ၊ မစဉ်းစားတတ်ပါ။ တဖက်လူက ကိုယ့်ထက်အသက်ကြီးလို့ အထိုက်အလျောက် ဆက်ဆံတာကို အခွင့်ကောင်းယူလို့၊ ယူ။ တော်တော်အံ့သြမိပါသည်။

သြော် .. လောကမှာ သည်လို သတ္တ၀ါတွေရှိပါလားလို့ ကျွန်တော်၏ သူငယ်ချင်းများနှင့် ပြန်ပြောင်း ပြောဆိုရင်း သင်ခန်းစာယူဖြစ်ကြသည်။ သည်းခံပြီး သနားသည့် စိတ်မျိုးကို ကျွန်တော်မထားတတ်ပါ။ ပြောမှ သိတယ်ဆိုတာ လူမဟုတ်ပါ။ ထို့ကြောင့် တော်ရုံတန်ရုံကိစ္စဆိုရင် ကျွန်တော် ထုတ်မပြောတတ်ပါ။ အမူအရာကြည့်ရုံနှင့် သိသာနိုင်ပါသည်။ 

လောကကိုစောင့်ရှောက်သော တရားမှာ အရှက် နှင့် အကြောက် တရား၂ပါး ဖြစ်သည်။ အသက်ကြီးလာရင် ပိုပြီး ရင့်ကျက်မှုရှိရမယ့်ဟာကို အရှက်အကြောက်နည်းသွားတာမျိုး ဖြစ်မလားလို့ စဉ်းစားမိပါသည်။ ခွင့်လွှတ်မေ့ပစ်ပြီး၊ လမ်းခွဲပြီလို့ ဆိုရင်လည်း လစ်လျူရှုထားလိုက်သည့်အတွက် ထပ်ပြန် တွေ့ဆုံသည့်တိုင်အောင် အရင်လို ပြန်ခေါ်ဖို့ မဖြစ်နိုင်ပါ။ 

နောက်ထပ်ကိုယ်တွေ မသိသေးသည့် အပူမီးတွေ ရှိနိုင်ပါသည်။ ကိုယ့်ဘာသာ သီးသန့် အေးအေးချမ်းချမ်းလေး နေတတ်ချင်ပါသည်။ အဲသည်လို နေနိုင်အောင် လုပ်ပေးနိုင်တာ တရားဓမ္မမှလွဲပြီး တခြားမရှိနိုင်ဘူးလို့ ကျွန်တော်ယုံကြည်ပါသည်။ ဘယ်လိုပဲ ဆိုဆို လောကမှာ လူတွေဟာ သူ့ဟာနှင့်သူ၊ ကိုယ်ဟာနှင့်ကိုယ် အပူမီးတွေဟာ ဆယ်ကုဋေမျှရှိနေသည်လို့ ပြောရင် လွန်တယ်လို့ထင်လားဗျာ ..

(လွန်တာရှိရင် ၀န္ဒာမိပါဗျာ)

No comments:

Post a Comment