တစ်ချိန်က Open Source အိုင်တီလောကမှာ ဒိတ်ဒိတ်ကြဲ ထင်ရှားခဲ့တဲ့ Sun Microsystems ကျဆုံးရခြင်း၏ အကြောင်းရင်းကို ရှာဖတ်ဖြစ်ပါတယ်။
Sun Microsystems သည် အစောပိုင်းမှာ x86 ကို အထင်သေးခဲ့တယ်။ အထင်သေးမယ်ဆိုလည်း
ဖြစ်လောက်ပါတယ်, သူတို့က Solaris, Sparc တို့ကို ထုတ်နိုင်ခဲ့တယ်။
နောက်ပိုင်းမှာ သူတို့ရဲ့ (Solaris OS + Sparc) က (Linux OS + x86) ကို
မယှဉ်နိုင်ခဲ့ဘူး။
Sparc, Solaris OS, Star Office, Open Office, Java, StorageTek, MySQL စသည်တို့ကနေ အကျိုးအမြတ်ရအောင် မဖန်တီးနိုင်ခဲ့ဘူး။
သို့သော်လည်း သူတို့ အားထုတ်ခဲ့တဲ့ Open Office, Java, MySQL တို့သည် အခုချိန်ထိ အတိုင်းအတာတစ်ခုအထိ အခမဲ့ အသုံးပြုနိုင်ကြတယ်။
သူတို့ရဲ့ Java ကလေး နဲ့ Open Office ကလေး တွေနဲ့ ကိုယ်တွေလည်း အလုပ်ဖြစ်နေတာပါ
Reference:
https://www.networkworld.com/article/2268096/servers/the-downfall-of-sun-microsystems.html