မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Monday, 19 March 2018

မြတ်စွာဘုရားအား ရှိခိုးပူဇော်ခြင်း


၁။ ငါးမာန်အောင်မြင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၂။ ကိလေသာကင်းစင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၃။ သစ္စာသိမြင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၎။ အနန္တဂုဏ်အင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၅။ ငြိမ်အေးသခင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၆။ သံသရာကယ်တင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၇။ နိဗ္ဗာန်စံဝင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

၈။ ပရိနိဗ္ဗာန်စံဝင် ဘုရားရှင်ကို
    ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား

သာဓု သာဓု သာဓု


Saturday, 3 March 2018

ငါ၏ စိတ်သည် အနတ္တ

ဘုန်းဘုန်း ဓမ္မသာမိ ဟောကြားထားသော Insecure Mind (မလုံခြုံသော စိတ်)၊ အောင်လံဆရာတော် ဟောကြားထားသော လူယုံလူသတ်သမား တို့ ဆက်စပ်မှုရှိနိုင်တယ်လို့ တွေးမိပါတယ်။ အဲဒီ မလုံခြုံသောစိတ်တွေ ဖြစ်လာတိုင်း၊ ငါပဲ ငါ့စိတ်ပဲလို့ ထင်လာတတ်ပါတယ်၊ အဲ့လိုထင်မြင် ယုံမှတ်လာစေပြီး ဒုက္ခပေးတတ်လို့ လူယုံလူသတ်သမားနှင့် တူပါတယ်။ 

အဲဒီ မလုံခြုံသောစိတ်၊ လူယုံလူသတ်သမားနှင့်, ရန်လည်းမဖြစ်၊ ထွက်လည်းမပြေးပါနဲ့။ အဲဒီစိတ်လေး ဖြစ်နေတယ်လို့ အသိအမှတ်ပြုပါ၊ သတိထား၍ စွန့်လွတ်ပါ။ Register and Release Mindfully!

ကိုယ်တွေ စိတ်ညစ်ညူးတိုင်း ဤကဗျာလေးကို ရွတ်နေမိတတ်တယ်။

Friday, 2 March 2018

Red Hat

open source software ထုတ်ကုန်တွေရော၊ စီးပွားဖြစ် လုပ်ငန်းသုံး enterprise အတွက်ရော ဝန်ဆောင်မှုပေးသော လုပ်ငန်းတစ်ခု၊ ၁၉၉၃ ခုနှစ်က တည်ထောင်ခဲ့တယ်။ ၂၀၀၆ ခုနှစ် မေလလောက်မှာ Jboss လုပ်ငန်းကို ပိုင်ဆိုင်တယ်၊ သူတို့ရဲ့  enterprise OS ဖြစ်တဲ့ Red Hat Enterprise Linux နှင့်ပေါင်းစပ်ပြီး လုပ်ငန်းကြီးလာတယ်။ open source softwares တွေကိုလည်း လုပ်တယ်၊ စီးပွားဖြစ် software ဝန်ဆောင်မှုတွေကိုလည်း ပေးတယ်။

၁၉၉၄မှာ Marc Ewing ဆိုသူက သူ့ကိုယ်ပိုင် Linux distribution ဖန်တီးခဲ့တယ်၊ Red Hat Linux လို့ နာမည်ပေးခဲ့တယ်။ တက္ကသိုလ်တစ်ခုရဲ့  အနီရောင် ဦးထုပ် (a red Cornell University lacrosse hat) ကို Marc Ewing ရဲ့ အဖိုးက ပေးဆောင်းတာကို အမှတ်ပြုပြီး Red Hat ဆိုတဲ့ နာမည်ရလာခဲ့တယ်။ Bob Young ဆိုသူက Ewing ရဲ့  လုပ်ငန်းကို ၁၉၉၅ ခုနှစ်မှာ ဝယ်ယူခဲ့တယ်၊ Young က CEO အဖြစ် တာဝန်ယူတယ်။

Fedora – community based operating system တစ်ခုဖြစ်တယ်။ Red Hat Linux ကို Red Hat Enterprise Linux (RHEL) နှင့် Fedora ဆိုပြီး အလုပ်နှစ်ခုခွဲလိုက်တယ်။ Fedora project က Free and Open Source Software (FOSS) တစ်ခု အနေဖြင့် ရပ်တည်တယ်၊ RHEL ကို စီးပွားဖြစ် ဝန်ဆောင်မှု ပေးတယ်။

CentOS – community enterprise operating system (centOS) တစ်ခုဖြစ်တယ်။ free enterprise-class, community-supported ဖြစ်တယ်၊ RHEL နှင့် compatible ဖြစ်တယ်။ CentOS project က users နှင့် organizations sponsors တို့၏ ရန်ပုံငွေပေါ် မှီခိုတယ်။

Openstack – cloud computing အတွက် free and open source software platform တစ်ခုဖြစ်တယ်။

WildFly – အရင်က Jboss ယခု WildFly ဆိုသောနာမည်ရ application server တစ်ခုဖြစ်တယ်၊ Java ကို အသုံးပြုထားပြီး၊ multiple platforms ပေါ်မှာ အသုံးပြုနိုင်တယ်၊ GNU လိုင်စင်အောက်က free and open-source software  တစ်ခုလည်းဖြစ်တယ်။

OpenShift – container-based software deployment and management အတွက် Red Hat ရဲ့  ထုတ်ကုန်တစ်ခု ဖြစ်တယ်၊ Go နှင့် AngularJS အပြင် အခြား programming languages တွေကို အသုံးပြု၍ ရေးသားတည်ဆောက်ထားတာ ဖြစ်တယ်၊ Kubernetes container application ၏ ထောက်ပံ့မှုအပေါ်မှာ မှီခိုတယ်။ free and pro version နှစ်ခုရှိတယ်။ RHEL အပေါ်မှာ OpenShift Container Platform ကို deploy လုပ်နိုင်တယ်။

Kubernetes – open source, automating deployment application တခုဖြစ်တယ်။ အစောပိုင်းက Google က ဒီဇိုင်းဆွဲခဲ့တာ ဖြစ်တယ်၊ နောက်ပိုင်းမှာ Cloud Native Computing Foundation က ပြုပြင်ထိန်းသိမ်းပါတယ်။ Docker နှင့် တွဲဖက်၍ အလုပ်လုပ်နိုင်တယ်။

Red Hat ရဲ့ လုပ်ငန်းက open source software အပေါ်အခြေခံပြီး professional supports တွေဖြင့် စီးပွားရေး လည်ပတ်ပါတယ်။ ကိုယ်တွေလည်း သူတို့ရဲ့  အနီရောင် ဦးထုပ်ကို ဆောင်းနိုင်ဖို့ စိတ်ကူးယဉ် ခဲ့ဖူးပါတယ်။ သူတို့ရဲ့  စီးပွားရေးကိုလည်း ရူးသွပ်ခဲ့ဖူးပါတယ်။

အများအားဖြင့် wikipedia ကနေ ရေးထားတာဖြစ်ပါတယ်၊ တစ်ချို.အကြောင်းအရာတွေကို ချန်ထားခဲ့ပါတယ်။