မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Saturday, 23 July 2016

အသုဘ (၁၀)ပါး

ဆရာတော် အရှင်ဉာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပို့ချချက်များ စာအုပ်ကို မှီငြမ်း ပူဇော်ပါသည်။

၁။ ဥဒ္ဓု မာတက = သေလွန်ပြီး ၂ ရက် ၃ရက်ကြာသည့်အခါ ဖူးဖူးရောင် ပုပ်သဖြင့် စက်ဆုပ်ဖွယ်သော
                       အလောင်းကောင်။

၂။ ၀ိနီလက = အနီ၊ အဖြူ ရောစပ်လျက် ညို မည်း ပုပ်ပွနေသော အလောင်းကောင်။

၃။ ၀ိပုဗ္ဗက = ပြည်တစိုစို ပေါက်ကွဲယိုလျက် စက်ဆုပ်ဖွယ်ရာ အလောင်းကောင်။

၎။ ၀ိစ္ဆိဒ္ဒက = အထက်အောက် ၂ ပိုင်း၊ ၃ ပိုင်းပြတ်နေသော အလောင်းကောင်။

၅။ ၀ိက္ခာယိတက = ခွေး၊ ဠင်းတ၊ ကျီး စသည်တို့ ခဲစားကိုက်ဖြတ်ထားသော အလောင်းကောင်။

၆။ ၀ိက္ခိတ္တက = လက်ခြေ၊ ဦးခေါင်း၊ ကိုယ်ခန္ဓာတို့ကို တစ်ကွဲတစ်ပြားစီ ဖရိုဖရဲကြဲပစ်ထားသော
                     အလောင်းကောင်။

၇။ ဟတ၀ိက္ခိတ္တက = ဒါး၊ လှံ၊ လက်နက်တို့ဖြင့် အစိပ်စိပ်အမြွာမြွာ လှီးဖြတ် နှိပ်စက်ထားသော
                           အလောင်းကောင်။

၈။ လောဟိတက = သွေးများထွက်ယိုလျက် တစ်ကိုယ်လုံး သွေးလိမ်းကျံနေသော အလောင်းကောင်။

၉။ ပုဠုဝက = ပိုးလောက်များ ပြည့်နှက်နေသော အလောင်းကောင်။

၁၀။ အဋ္ဌိက = အရိုးများသာ စုပေါင်း၍လည်းကောင်း၊ ပြန့်ကြဲ၍လည်းကောင်း ကြွင်းကျန်ရစ်သော
                   အလောင်းကောင်

အလွယ်တကူ မှတ်မိစေရန် ကိုယ်တိုင်ရေး ကဗျာများဖြင့် ကုသိုလ် ပြု ပါသည်။

ဥဒ္ဓု မာ   တက   ဟာ၊   ရှေ့ မှာ ရှိနေတာ
ဝိနီ၊   ၀ိပုဗ်၊  ၀ိစ္ဆိဒ္ဒ၊  ၀ိက္ခာယိတက
ဝိက္ခိတ္တက၊  (ဟတ)   တွဲ ၊  နောက်မှာလိုက်ပါမြဲ
လောဟိတက    သွေးပေကျံ
ပုဠု   ပိုးလောက်လျှံ
အဋ္ဌိက  အရိုးများ၊
ပြန့်ကြဲ  ရှိစေသား။

ဖူးဖူးရောင်၊ နီဖြူ ညို ၊ ပြည်က တစိုစို၊
ထက်အောက် ၂ပိုင်း ၃ပိုင်း ပြတ်၊
ခွေး၊ ကျီး၊ ဠင်းတ ကိုက်စားဖြတ်၊
ဦးခေါင်း၊ လက်ခြေ၊ ကိုယ်ခန္ဓာ ဖရိုဖရဲ ပစ်ထားကာ၊
ဒါး၊ လှံ၊ လက်နက် လှီးနှိပ်ဖြတ်၊
သွေးများ ထွက်ယိုလျက်၊
ပိုးလောက်ပြည့်နှက် အလောင်းကောင်၊ အသုဘရုပ်ဆောင်
အရိုးများသာ စု၍ပေါင်း၊ ပြန့်ကြဲ ကြွင်းကျန်လောင်း။






Tuesday, 19 July 2016

အာဇာနည်နေ့ ၁၉ဇူလိုင်

အာဇာနည်

ဆယ်စု  ရာစု  ထောင်စု လီလီ၊
ကျူးသီ  ကမ္ပည်း  ကမ္ပည်း မှတ်တိုင်၊
မှတ်တိုင် သမိုင်း  သမိုင်း မော်ကွန်း၊
သက်သေညွှန်းသည်
ယွန်းဖြတ်မမီ အာဇာနည်။ ။

၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင် (၉) ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။

အာဇာနည်များ

ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏ ဝန်ကြီးချုပ်၊ ၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန် (၁၃) ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဒီးဒုတ်ဦးဘချို (၅၄) နှစ်

စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ ပြန်ကြားရေးဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက် ရှိနေသေးသည်။

သခင်မြ (၄၉) နှစ်

လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အ ဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသည်။

ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်

မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

ဦးဘဝင်း (၄၆) နှစ်

ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

မန်းဘခိုင် (၄၃) နှစ်

ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က ပြန်လည်ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅) ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

စပ်စံထွန်း (၄ဝ) နှစ်

ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားသည်။

ဦးအုန်းမောင် (၃၄) နှစ်

သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ ဒုတိယအတွင်းဝန် (I.C.S) အစီရင်ခံစာတခုကို
လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။

ကိုထွေး (၁၈) နှစ်

ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့် အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄) ချက်ရရှိပြီး ဆေးရုံတွင် သေဆုံးသည်။

ထို အာဇာနည် ၉ဦး နှင့် ကျဆုံးသွားချိန် သူတို့၏ အသက်များကို အလွယ်တကူမှတ်မိစေရန် ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်ဖြင့် ဤနေရာတွင် ဂုဏ်ပြုပါသည်။

အာဇာနည် ကိုးဦး

အောင်ဆန်း သုံးနှစ်၊ ဒီး ငါးလေး၊
လေးကိုး မြ၊ ရာဇတ်၊
လေးခြောက်၊ လေးသုံး ဝင်းနှင့် ခိုင်၊
စံထွန်း လေးဆယ်တိုင်။
ဦးအုန်းမောင် သုံးဆယ့်လေး၊
ဆယ့်ရှစ်နှစ် ကိုထွေး။

ကိုးကား။
http://winthumon.blogspot.sg/2010/07/blog-post_26.html


Sunday, 3 July 2016

တစ်ယောက်တည်းနေ တစ်စိတ်တည်းထား

"တစ်ယောက်တည်းနေ တစ်စိတ်တည်းထား" ဆိုသော စာအုပ်လေးကို ကျွန်ေတာ် အလှူ ခံ ရရှိခဲ့ပါသည်။
ထိုစာအုပ်လေးကို ဆရာတော် (ရွှေပါရမီတောရ) ရေးသားထားခြင်း ဖြစ်ပါသည်။

ထိုစာအုပ်လေးသည် မဂ် ဖိုလ် နိဗ္ဗာန် လိုလားသူတို့များအတွက် သာမက ၊ စိတ်ချမ်းသာလိုသူများ အတွက်လည်း လမ်းညွှန်ထားပါသည်။

ချမ်းသာခြင်း ၇မျိုး ရှိပါသည်။
လောကီချမ်းသာ ၄မျိုး          ၁။ လူ့ကာမဂုဏ်ချမ်းသာ
                                    ၂။ နတ်ကာမဂုဏ်ချမ်းသာ
                                    ၃။ ဈာန်ချမ်းသာ
                                    ၄။ ၀ိပဿ     နာချမ်းသာ
လောကုတ္တရာချမ်းသာ ၃မျိုး   ၅။ မဂ်ချမ်းသာ
                                    ၆။ ဖိုလ်ချမ်းသာ
                                    ၇။ နိဗ္ဗာန်ချမ်းသာ
တို့ဖြစ်ပါသည်။

ဝိဝေကဆိုသည်မှာ ကင်းဆိတ်ခြင်းလို့ အဓိပ္ပါယ် ရပါသည်။ ၀ိဝေက ၃မျိုး ရှိပါသည်။

   ၁။ ကာယ၀ိဝေက (ကိုယ်၏ ကင်းဆိတ်ခြင်း တစ်နည်း အပေါင်းအဖော်တို့မှ ကင်းဆိတ်ခြင်း)
       ကာယ၀ိဝေက ဟူသည် တစ်ယောက်တည်း နေခြင်းကို ဆိုလိုသည်။ ကိုယ့်ဘေးမှာ လူတွေရှိတာ၊ မရှိတာနှင့် မသက်ဆိုင်ပါ။
      လူတွေနှင့် မရောတာကိုသာ တစ်ယောက်တည်းနေတာလို့ ရည်ရွယ်ပါသည်။ ဤနေရာတွင် ရောနှောခြင်း ၅မျိုး ရှိပါသည်။
          ၁။ အမြင်
          ၂။ အကြား
          ၃။ စကား
          ၄။ အသုံးအဆောင်
          ၅။ အထိအတွေ့ တို့ဖြစ်ပါသည်။

   ၂။ စိတ္တ၀ိဝေက (စိတ်၏ ကင်းဆိတ်ခြင်း တစ်နည်း ကိလေသာတရား နီဝရဏတရားတို့မှ ကင်းဆိတ်ခြင်း)
      စိတ္တ၀ိဝေက ဟူသည် တစ်စိတ်တည်း ထားခြင်းကို ဆိုလိုသည်။
      နေရာအလိုက်၊ အချိန်အလိုက်၊ ပုဂ္ဂိုလ်အလိုက်၊ ရည်ရွယ်ချက်အလိုက် စိတ်တစ်စိတ်တည်း ထားခြင်းမျိုးကို ရည်ရွယ်ပါသည်။
     ဥပမာ။ ။ တရားအားထုတ်နေသူတို့သည် ၀ိပဿ     နာစိတ် တစ်စိတ်တည်းထားခြင်း၊
                စာမေးပွဲဖြေဖို့ ပြင်ဆင်နေသူသည် စာကို စိတ်ဝင်တစား ကြိုးစားနေခြင်း မျိုး ဖြစ်သည်။

   ၃။ ဥပဓိဝိဝေက (ဥပဓိတရားတို့၏ ကင်းဆိတ်ခြင်း တစ်နည်း
                       သံသရာဝဋ်ဆင်းရဲမှာ ကပ်ပြီး ဆောင်ထားတတ်တဲ့တရားတို့မှ ကင်းဆိတ်ခြင်း)
       ဥပဓိဝိဝေကတရား ၃ပါး ရှိပါသည်။   ၁။ ခန္ဓုပဓိ   ၂။ ကိလေသုပဓိ   ၃။ အဘိသင်္ခါရုပဓိ တို့ဖြစ်ပါသည်။

တစ်ယောက်တည်းနေခြင်း (ကာယ၀ိဝေက) သည် တစ်စိတ်တည်းထားခြင်း (စိတ္တ၀ိဝေက) ဖြစ်စေရန် ထောက်ပံ့သည်။
တစ်စိတ်တည်းထားခြင်း (စိတ္တ၀ိဝေက) သည် ဥပဓိဝိဝေက ကို ထောက်ပံ့သည်။

အပေါင်းအဖော်များနှင့် နေခြင်း၏ အပြစ် ၃မျိုး တို့သည်
၁။ စကားပြောခြင်း   ၂။ ချစ်ခြင်း   ၃။ မုန်းခြင်း တို့ဖြစ်ပါသည်။

စကားပြောခြင်း၏ အပြစ် ၃မျိုး တို့သည်
၁။ တရားအမှတ်ပျက်ခြင်း  ၂။ သမာဓိလျော့ခြင်း   ၃။ သဒ္ဓါကျဆင်းခြင်း တို့ဖြစ်ပါသည်။

အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿ     နံ ဒုက္ခံ၊
အပ္ပိယာနဉ္စ ဒဿ     နံ။
 ဘယ့်သူ့ကိုမှလည်း မချစ်နဲ့ ၊ ဘယ်သူ့ကိုမှလည်း မမုန်းနဲ့ လို့ ဆိုလိုပါသည်။

အိပ်နေတဲ့အချိန်မှ လွဲ၍ ကျန်သောအချိန်တွေများ၌ ဣရိယာပုတ်တိုင်းတွင် မဂ်စိတ်ဖြစ်နိုင်ပါသည်။

စိတ္တံ ရက္ခေထ မေဓာဝီ၊
စိတ္တံ ဂုတ္တံ သုခါဝဟံ
အသိ၊ အလိမ္မာ၊ ဥာဏ်ပညာရှိသော ပုဂ္ဂိုလ်တွေသည် မိမိတို့၏ စိတ်ကို ၀ိပဿ     နာစိတ် တစ်စိတ်တည်းဖြစ်အောင် စောင့်ရှောက်ရမည်၊
ဝိပဿ     နာစိတ် တစ်စိတ်တည်းဖြစ်အောင် စောင့်ရှောက်ထားသောစိတ်သည် မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို မရရအောင် ပေးနိုင်ပါသည်။

ဧကော စရေ ခဂ္ဂ၀ိသာဏကပ္ပေါ 
ကြံ့ ချို လို တစ်ယောက်တည်း နေပါ ၊ ကြံ့ ချို လို တစ်စိတ်တည်း ထားပါ လို့ ဆိုလိုပါသည်။

မြတ်စွာဘုရားရှင်သည် "ချစ်သား ၊ တစ်ယောက်တည်း နေပါ ၊ တစ်စိတ်တည်း ထားပါ ၊ တစ်ယောက်တည်း နေခြင်း ၊ တစ်စိတ်တည်း ထားခြင်းသည် မိမိအတွက် ကောင်းကျိုး ချမ်းသာဖြစ်ခြင်းရဲ့  အကြောင်းဖြစ်၏" လို့ မိန့်ကြားတော်မူပါသည်။

"စည်းစိမ် ၊ ဆွေမျိုးကို စွန့်ပယ်ပြီး ရဟန်းပြုရခြင်းသည် ဆင်းရဲ၏။
 ရဟန်းတရားအားထုတ်ရင်း ရဟန်းဘ၀မှာ မွေ့ လျော်ရခြင်းသည်လည်း ဆင်းရဲ၏။
 ကိစ္စများမြောင် လူတို့ဘောင်မှာ အိမ်ရာတည်ထောင်ပြီးနေရခြင်းသည်လည်း ဆင်းရဲ၏။
 စိတ်သဘော ၊ အကျင့်သဘော မတူသူတွေနဲ့ အတူနေရခြင်းသည်လည်း ဆင်းရဲ၏။
 သံသရာခရီးရှည်ကို သွားရခြင်းသည်လည်း ဆင်းရဲ၏။
 ထို့ကြောင့် သံသရာခရီးရှည်ကို သွားသောသူ မဖြစ်ပါစေနှင့်၊
 ထိုဆင်းရဲခြင်းတို့၏ အလွှမ်းမိုး အနှိပ်အစက်ခံရသောသူ မဖြစ်ပါစေနှင့်၊" လို့ အဓိပ္ပါယ် သက်ရောက်သော
 ဂါထာလေးတစ်ပုဒ်နှင့် မြတ်စွာဘုရားရှင် တရားဟောတော်မူတဲ့အတွက်ကြောင့် တရားဒေသနာအဆုံးမှာ ရဟန္တာဖြစ်သွား၏။

အသဇ္ဖမာန ပုဂ္ဂိုလ်ဆိုသည်မှာ ငြိကပ်တွယ်တာခြင်းမရှိသော ပုဂ္ဂိုလ်ကို ဆိုလိုသည်။

ဒါနကောင်းမှုတစ်ခု အထမြောက်ဖို့အတွက်   ၁။ လှူ ချင်စိတ် (သဒ္ဓါတရား)   ၂။ လှူ ဖွယ်ဝတ္ထု   ၃။ အလှူ ခံပုဂ္ဂိုလ်  ပြည့်စုံရပါသည်။
ဒါနပြု ဖို့ ပစ္စည်းရှာတယ် လို့ နှလုံးသွင်းပြီး စီးပွားရေးလုပ်ရင်၊ စီးပွားရှာနေရင်းလည်း ကုသိုလ် ရပါသည်။

ကိုယ့်အတွက် လုံးဝချန်မထားဘဲ အိတ်သွန်ဖာမှောက် လှူ လိုက်သော အလှူ မျိုးကို နိရ၀သေသဒါန (အကြွင်းအကျန်မရှိ လှူ သောအလူ၊ အကြွင်းမဲ့အလှူ ) လို့ ခေါ်ပါသည်။

သုခိတာ ဟောထ ၊ ဒုက္ခာ မုစ္စထ
ချမ်းသာကြပါစေ ၊ ဆင်းရဲကင်းကြပါစေ

ဧကာသနံ ဧကသေယျံ ၊ ဧကော စရမတန္ဒိတော။
ဧကော ဒမယမတ္တာနံ ၊ ၀နန္တေရမိတော သိယာ
ဧကာသနံ - တစ်ယောက်တည်းနေခြင်းကို
ကပ္ပေယျ  -  ပြု ရာ၏
ဧကာသေယျံ - တစ်ယောက်တည်း အိပ်ခြင်းကို
ကပ္ပေယျ  -  ပြု ရာ၏
ဧကော စရေ န စ ပါပါနိ ကယိရာ - တစ်ယောက်တည်းနေပါ၊ မကောင်းမှုတွေကိုလည်း မပြု ပါနဲ့
ဧကော အတ္တာနံ - မိမိရဲ့ စိတ်ကို
ဒမယံ - ဒမယန္တော - ၀ိပဿ     နာစိတ် တစ်စိတ်တည်း ဖြစ်အောင် ဆုံးမပါ

ဗုဒ္ဓါနုဿ     တိ နှင့် မေတ္တာဘာဝနာတို့သည် ၀ိပဿ     နာယောဂီတို့၏ မောပြေဆေး ၊ အားဖြည့်ဆေး ဖြစ်ပါသည်။ စိတ်ကြည်ဆေး ၊ စိတ်ရှင်းဆေး လို့လည်း ဆိုနိုင်ပါသည်။ အတိုချု ပ် မေတ္တာပွားနည်းသည် "သတ္တ၀ါအားလုံး ချမ်းသာကြပါစေ" ဖြစ်ပါသည်။

ဝနန္တေ- တော၌ ဆိတ်ငြိမ်သောနေရာ၌ ၊
ရမိတော သိယာ - မွေ့လျော်ရာ၏၊

ဖြစ်ခိုက်ရုပ်နာမ် ဖြစ်တိုင်းဟန် ဧကန်မှတ်သိမှု
အလုပ်နေရာ ဣရိယာ ၊ ချိန်ခါမရွေးရှု

အပ္ပမာဒေန - မမေ့မလျော့  မပေါ့မဆ
သမ္ပာဒေထ - သီလ ၊ သမာဓိ ၊ ပညာ ဟုဆိုအပ်သော သိက္ခာ သုံးပါးတို့ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးစား အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

ထိုစာအုပ်လေးမှ အကျဉ်းချုပ် မှတ်စုရေးမှတ်သားခြင်းလေးသာ ဖြစ်ပါသည်။ dhamma download website ၌ ပြည့်ပြည့် စုံစုံ ဖတ်ရှု ပူဇော်နိုင်ပါသည်။


http://dhammadownload.com/File-Library/AshinSandadika/Ashinsandadika-TaYorkHteeNayTaSaitHteeHtair.pdf

ထိုစာအုပ်လေးသည် ကျွန်တော့်ဘ၀အတွက် လက်စွဲစာအုပ် တစ်အုပ်လို ဖြစ်နေပြီး ဖြစ်ပါသည်။