မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Tuesday, 12 December 2017

သရဏဂုံ


ဘုရားသည်သာ ကိုးကွယ်ရာ အမှန်ဖြစ်ပါသည်။
ဘုရားကိုးကွယ် တန်ခိုးကြွယ် အပါယ်မကျ နိဗ္ဗာန်ရ

တရားသည်သာ ကိုးကွယ်ရာ အမှန်ဖြစ်ပါသည်။
တရားကိုးကွယ် ပညာကြွယ် အပါယ်မကျ နိဗ္ဗာန်ရ

သံဃာသည်သာ ကိုးကွယ်ရာ အမှန်ဖြစ်ပါသည်။
သံဃာကိုးကွယ် စည်းစိမ်ကြွယ် အပါယ်မကျ နိဗ္ဗာန်ရ



Monday, 9 October 2017

ရဟန်းတို့ မပြတ်ဆင်ခြင်အပ်သော တရား ၁၀မျိုး

၁။ ငါသည် အဆင်းဖောက်ပြန်သည်၏ အဖြစ်သို့ ကပ်ရောက်ရ၏

၂။ ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေ၏

၃။ ငါသည် (လူအမှုအရာ အသွင်အပြင်မှ တစ်ပါး) အခြားသော အသွင်အပြင်အမှုအရာကို ပြုသင့်၏

၎။ ငါ၏စိတ်သည် သီလအားဖြင့် မိမိကိုယ်ကို မစွပ်စွဲဘဲ ရှိ၏လော

၅။ ငါ့ကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ သီလအားဖြင့် မစွပ်စွဲဘဲ ရှိကြ၏လော

၆။ ငါ့အား ချစ်ခင်သူ နှစ်သက်သူ အားလုံးတို့နှင့် ရှင်ကွဲ ကွဲမှု သေကွဲ ကွဲမှု ဖြစ်ရပေလိမ့်မည်

၇။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသူ၊ ကံ၏ အမွေခံသူ၊ ကံသာလျှင် အကြောင်းရှိသူ၊ ကံသာလျှင် မိတ်ဆွေရှိသူ၊ ကံသာလျှင် လဲလျောင်းရာရှိသူ ဖြစ်။

၈။ ငါသည် အဘယ်သို့ ဖြစ်နေစဉ် ညဥ့်နေ့တို့သည် ငါ့ကိုလွန်ကုန်သနည်း

၉။ ငါသည် ဆိတ်ငြိမ်ရာကျောင်း၌ မွေ့လျော်၏လော

၁၀။ ငါသည် လူတို့၏ ကုသိုလ် ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင်အထူးကို ရအပ်လေသလော၊ ငါသည် နောက်ဆုံး (သေခါနီး) ကာလ၌ သီတင်းသုံးဖော်တို့က မေးသည်ရှိသော် မျက်နှာမလှ မဖြစ်ရအံ့


အဆင်းဖောက်ပြန်  အသက်မွေးရန်  ပြုသင့်အသွင်ပြင်
သီလအားဖြင့်  စွပ်စွဲအမှန်  ကိုယ့်မှာမရှိစေရန်
သီတင်းသုံးဖော်  ဉာဏ်ဖြင့်မျှော်  မစွပ်စွဲပဲရှိရမည်
ချစ်သူ  ခင်သူ  အားလုံးသူ  သေကွဲ  ရှင်ကွဲ ဖြစ်လိမ့်မည်
ဥစ်  မွေ  ကြောင်း  ဆွေ  လဲလျောင်းလေ  အမှန်ဖြစ်ပါစေ
ညဥ့်  နေ့  နေစဉ်  ငါ့ကိုပင်  လွန်ကုန်စေအံ့နည်း
ဆိတ်  ငြိမ်  ကျောင်းနေ  ရှိနေစဉ်  မွေ့ လျော်နေပါစေ
ကိလေ  ဖျက်ဉာဏ်  အမြင်ထူး  ရအပ်  ရှိပါစေ

Friday, 19 May 2017

မေတ္တာပွားမှု အကျိုး

၁။ ကောင်းစွာအိပ်ရခြင်း
၂။ ကောင်းစွာနိုးရခြင်း
၃။ ကောင်းသောအိမ်မက်ကို မြင်မက်ရခြင်း
၎။ လူအများချစ်ခင် မြတ်နိုးခြင်း
၅၊ နတ်တို့ ချစ်မြတ်နိုးခြင်း
၆။ မီး၊ လက်နက် ၊ အဆိပ် စသည်တို့ဖြင့် မနှိပ်စက်နိုင်ခြင်း
ရ။ စိတ်တည်ကြည်ခြင်း
၈။ မျက်နှာ အဆင်းတင့်တယ်ခြင်း၊
၉။ နတ်တို့ ကောင်းစွာစောင့်ရှောက်ခြင်း
၁၀။ မတွေဝေခြင်း
၁၁။ ဗြဟ္မာပြည်သို့လားရခြင်း

Sunday, 14 May 2017

အမေများနေ့

ဒီနေ့ဟာ ၂၀၁၇ ခုနှစ် မေလ ၁၄ ရက် တနင်္ဂနွေနေ့ အမေများနေ့ပါ။ အမေတိုင်း အမေတိုင်းဟာ မိမိတို့ရဲ့  ဝမ်းနှင့်လွယ်ပြီး သူတို့ရဲ့ အသက်တွေနဲ့ရင်းပြီး ခက်ခက်ခဲခဲ မွေးဖွားလာတဲ့ သား၊ သမီးတွေကို ချစ်ကြမှာပါ။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာပဲ သူငယ်ချင်းတွေနဲ့ စုပြီး သူငယ်ချင်းတစ်ယောက်ရဲ့ ဖွားခါစ ကလေးငယ်ကို သွားကြည့်ခဲ့ပါတယ်။ သူတို့ရဲ့  အတွေ့၊ အကြုံ တွေကိုမေးကြ ပြောကြတာပေါ့။ ကလေးတစ်ယောက်ကို မွေးရ၊ ဖွားရတာ ကရိကထ များသား။

မမွေးခင်က ဂရုတစိုက်နဲ့ နေရ၊ စားရတာမျိုး။ မွေးပြီးတော့လည်း အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်နေရတာပါ။ ကလေးက အော်ငိုပြီးဆိုရင် ဆေးခန်းကို ပြေးရမလား၊ ဆေးရုံကိုပဲ ပြေးရမလား၊ အရေးပေါ်ကိုပဲ အရင်ခေါ်ရမလား အသင့်ရှိနေကြတာပါ။ နောက်ဆုံးတော့မှ ကလေးနို့တိုက်တာ နည်းလို့ ဗိုက်မဝလို့ အော်ငိုတာလို့ သိရတော့မှ ရယ်နိုင် ပြုံးနိုင်တော့တာပါ။

ကျွန်တော် ငယ်ငယ်က အဖြစ်ကို သတိရမိပါတယ်။ ကျွန်တော့်ကို မွေးဖွားခါစက အသားဝါလို့၊ မီးဖန်ချောင်ထဲမှာ မီးပြရတယ်လို့ ပြောပါတယ်။ အဲ့ဒါလည်း မသက်သာလို့ သွေးလှဲရပါတယ်။ ကျန်းမာရေး အတော့်ကို ချူခြာတာပါ။ မိဘတွေဟာ သူတို့ရဲ့  သား၊ သမီးတိုင်းကို ကျွေးမွေး ပြုစုဖို့ ဝန်မလေးကြပေမယ့်၊ အသက်အရွယ် ကြီးလာတဲ့အခါမှာတော့ သား၊ သမီးတွေဟာ သူတို့ရဲ့ မိဘတွေကို ပြန်လည် ကျွေးမွေး ပြုစုဖို့ ဝန်လေးတတ်ကြပါတယ်။

မေမေ့ကို ကျွန်တော် ချစ်တယ်လို့သာ ပြောပေမယ့်၊ အခုချိန်ထိ မေမေ့နားမှာ မေမေနဲ့အတူ အေးအတူ ပူအမျှ မနေနိုင်သေးပါဘူး။ မေမေ့ကို ချစ်တယ်လို့ ပြောတော့၊ ဖေဖေ့ကို မချစ်ဘူးလား မေးရင်၊ ဖေဖေ့ကိုလည်း ချစ်ပါတယ်လို့ ပြောရမှာပါ။ သိပ်မဝေးသော ကာလ တစ်ခုမှာ မိဘတွေနဲ့ အတူ အမိနိုင်ငံကို ပြန်ပြီး ကျေးဇူး ပြုမယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ အမေများနေ့မှာ မိဘတွေရဲ့  ကျေးဇူးကို အမှတ်ရပြီး ရေးသားလိုက်ခြင်းဖြစ်ပါတယ်။






Wednesday, 22 March 2017

ဂဟပတိ သီလအကျိုး ၅ပါး

ကြီးစွာ စည်းစိမ်၊

ကျော်စော သတင်း၊

ရွှင်လန်း မျက်နှာ၊

ကောင်းမှုသာထင်၊

တွေဝေ မသေ၊

သေပြီးသည့်နောက် နတ်ပြည်ရောက်၊

မှတ်ကြ ကျိုးငါးအင်။



Monday, 20 March 2017

ခန္တီတရား

မိမိကသာ...

အရာရာဝယ်...

အသာမစံ...

အနာခံခြင်းတည်း..ဟူသော...

ခန္တီ..တောင်တောင်အီအီ...

မကြံစည်ဘဲ...

ခန္တီတရား...

ကိုယ်မှာထားခြင်းသည်...

ပရမံ...တဘော...

အကျင့်တရား...

အများအပြားတွင်...

ထူး....ခြား...လွန်တင့်...

အသာဆုံး အကျင့်ဖြစ်ပါပေသတည်း....

🙏🏻🙏🏻🙏🏻



တဏှာဖြစ်နိုင်ကြောင်းနေရာ ၆၀

                                အာရုံ ၆ပါးတို့နှင့် တိုက်
အတွင်းအာယတန         ၆ပါး
အပြင်အာယတန           ၆ပါး
ဝိဉာဏ်စိတ်                  ၆ပါး
ဖဿ                                ၆ပါး
ဝေဒနာ                        ၆ပါး
သညာ                         ၆ပါး
သစေတနာ                   ၆ပါး
တဏှာ                         ၆ပါး
ဝိတက်                         ၆ပါး
ဝိစာရ                           ၆ပါး
ပေါင်း                          ၆၀ ရှိသည်။

ချစ်ခင်ဖွယ် (ပိယရူပ) နှင့် သာယာဖွယ် (သာတရူပ) တို့တွင် တဏှာ ဖြစ်သည်။



Saturday, 18 March 2017

One nail can carry fourteen nails or more than that

သံချောင်း တစ်ချောင်းသည် သံချောင်း ဆယ့်လေးချောင်းတို့ကို (ဆယ့်လေးချောင်းထက်) တင်ထားနိုင်တယ် / ထမ်းထားနိုင်တယ်လို့ ပြောရင် ယုံတမ်းစကားလို့ဘဲ ပြောကြမှာပါ။ မျက်မြင် မဟုတ်ရင်ပေါ့လေ။ နည်းနည်းလေးမှ ကြိုးစားအားထုတ်မှု မပြုပဲ၊ မဖြစ်နိုင်ဘူးလို့ ပြောကြမှာပါ။ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားတဲ့၊ ဆရာက မေးတယ်လေ။ critical thinking တဲ့။

အခြားအဖွဲ့က ကျောင်းသားတစ်ယောက်က ဆရာမသိအောင် ဂူဂယ်ကနေ ရှာတွေ့တဲ့ အဖြေလေ  .. 
How do you balance 14 nails on a single nailhead? အဖြေတွေ့တော့ အဲဒီကျောင်းသားပါဝင်တဲ့အဖွဲ့က အရင်ဆုံး လုပ်ပြနိုင်တာပေါ့။ သူတို့ လုပ်တာကို ကြည့်ပြီး ကျွန်တော်တို့ အဖွဲ့က လုပ်ကြရတာပေါ့။

အဲဒီအချိန်တုန်းက ဆရာနောက်နေတယ်ပဲ ထင်ခဲ့တာပါ။ စဉ်းစားကြည့်လေ တစ်ချောင်းပေါ်မှာ ဆယ်လေးချောင်း တင်ထားဖို့ဆိုတဲ့ မေးခွန်းကိုပေါ့။ အောက်က ပုံလေးက ကျွန်တော်တို့ အဖွဲ့က ပြုလုပ်နိုင်တာကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံလေးပါ။


ဆရာက ပြောသေးတယ် အဲ့လိုမျိုးတင်ထားနိုင်တဲ့ နောက်ထပ်ပုံစံတစ်မျိုးရှိသေးတယ်တဲ့။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတဲ့ အဖြေကိုတော့ မပြောပြခဲ့ပါဘူး။ ကျွန်တော်တို့လည်း မရှာဖြစ်ခဲ့တော့ဘူး။ စာဖတ်သူများ သိခဲ့ရင်လည်း / ရှာတွေ့ခဲ့ရင်လည်း comment ရေးခဲ့နိုင်ပါတယ်။ ပြန်လည် မျှဝေနိုင်ပါတယ်။

သို့ပေမယ် အောက်က link တစ်ခုမှာတော့ ဒီလိုပုံစံမျိုးအတိုင်း အသုံးပြု ပြီး သံချောင်းများများ တင်ထားနိုင်တာကိုတော့ တွေ့လိုက်ရပါတယ်။ 





မှတ်ချက်။ ဖုန်းထဲက ဓါတ်ပုံအဟောင်းတွေကို ပြန်ကြည့်ရင်း တွေးမိတဲ့ ၂၀၁၅ ဇူလိုင် ၁၀ ရက်တုန်းက ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတစ်ခုကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

ဆက်လက်ပြီး တွေးခဲ့မိတာက ... သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်ပါတယ်။
                                          ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကောင်းတဲ့အတွက်အကြောင့်
                                          ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးလည်း ..
           .. စသည် စသည် ဖြင့် .. အတွေးများစွာ စီးဆင်းနေပါတော့တယ် ..
ဗဟုသုတများဖြင့် ပျော်ရွှင်နိုင်ကြပါစေ။



Friday, 17 March 2017

သီလ၊ သမာဓိ၊ ပညာ တို့ဖြင့် ပြအပ်သောဂုဏ် ၉ပါး

သိက္ခာ၊    ကောင်းခြင်း၊    မှီရာ (ဥပနိဿ       ယ)၊    အကျင့်၊  

လွန်မြောက် ၃ပါး၊    ပယ် (ပဟာန်) ၃ပါး နှင့်၊    ဆန့်ကျင်၊    သုတ်သင်

ဖြစ်ခြင်း   ၃ပါး   အရိယာတည်း

သိက္ခာ ၃ပါး           = အဓိသီလသိက္ခာ၊   အဓိသမာဓိသိက္ခာ၊ အဓိပညာသိက္ခာ

ကောင်းခြင်း ၃ပါး     = သာသနာတော်၏ အစကောင်းခြင်း၊
                              သာသနာတော်၏ အလယ်ကောင်းခြင်း၊
                              သာသနာတော်၏ အဆုံးကောင်းခြင်း

ဥပနိဿ     ယ ၃ပါး      = တေဝိဇ္ဇရဟန္တာဖြစ်ခြင်း၊
                              ဆဠာဘိညရဟန္တာဖြစ်ခြင်း၊
                              ပဋိသမ္ဘိဒါဉာဏ်ရဟန္တာဖြစ်ခြင်း

အကျင့် ၃ပါး            = ကာမသုခလ္လိကအကျင့်ကိုရှောင်ကြဉ်ခြင်း၊
                              အတ္တကိလမထအကျင့်ကိုရှောင်ကြဉ်ခြင်း၊
                              မဇ္စျိမပဋိပဒါအကျင့်ကိုမှီဝဲခြင်း၊

လွန်မြောက်ခြင်း ၃ပါး = အပါယ်ဘုံမှ လွန်မြောက်ခြင်း၊
                              ကာမဘုံမှ လွန်မြောက်ခြင်း၊
                              အလုံးစုံသောဘုံမှ လွန်မြောက်ခြင်း၊

ပဟာန် ၃ပါး            = တဒင်္ဂပဟာန်ဖြင့် ကိလေသာပယ်ခြင်းကိုပြ၏၊
                              ဝိဘ္ခမ္ဘနပဟာန်ဖြင့် ကိလေသာပယ်ခြင်းကိုပြ၏၊
                              သမုစ္ဆေဒပဟာန်ဖြင့် ကိလေသာပယ်ခြင်းကိုပြ၏၊

ဆန်ကျင့်ဘက် ၃ပါး   = ဝီတိက္ကမကိလေသာ၏ ဆန့်ကျင်ဘက်၊
                              ပရိယုဠာနကိလေသာ၏ ဆန့်ကျင်ဘက်၊
                              အနုသယကိလေသာ၏ ဆန့်ကျင်ဘက်၊

သုတ်သင်ခြင်း ၃ပါး   = ဒုစရိုက်သံကိလေသာကို သုတ်သင်၏၊
                              တဏှာသံကိလေသာကို သုတ်သင်၏၊
                              ဒိဋ္ဌိသံကိလေသာကို သုတ်သင်၏၊

အရိယာ ၃ပါး          = သောတာပန်၊ သကဒါဂါမ် ဖြစ်ခြင်းအကြောင်းကိုပြ၏၊
                              အနာဂါမ်ဖြစ်ခြင်းအကြောင်းကိုပြ၏၊
                              ရဟန္တာဖြစ်ခြင်းအကြောင်းကိုပြ၏၊                          



Monday, 6 March 2017

ပန်းတွေငိုတဲ့ထိအောင်ပါ


ပန်းတွေငိုတဲ့ထိအောင်ပါ
   .. ပန်းဆိုတာ .. လောကကြီးကို ..
   .. အလှဆင်ဖို့၊ နံ့သာယှဉ်ဖို့၊ ဆေးဖော်ဖို့၊
   .. ဘုရားပန်းကပ်၊ မွေးနေ့ပန်းစည်း .. ပန်းခြင်း၊
   .. ပန်းထိုး၊ ရင်ထိုး၊ လွမ်းသူ ပန်းခွေ၊
   .. ပန်းဆယ်မျိုး အနုပညာ၊
   .. ပန်းရနံ့နှင့် ယှဉ်မှ သီလရနံ့ ပေါ်လွင်
   .. ပန်းပေါင်းစုံသဖွယ်ဖြစ်သော ကျောင်း
   .. နောက်ပြီး ပန်းပေးပြီလား၊ ပန်းပေးပြီလားတဲ့
   .. အရှုံးဘက်မှာ သုံးကြပြန်တယ်။
   .. ဘယ်လိုပဲ သုံးသုံးပါ ..
   .. လှနေဆဲ၊ မွှေးနေဆဲ၊ အသုံးဝင်နေဆဲပါ ..
ပန်းတွေငိုတဲ့ထိအောင်ပါ။



Wednesday, 8 February 2017

ကွန့်မန့်များနှင့် ဆော့ရအောင်

ကွန်ပျူတာ ပရိုဂရမ် တစ်ခုကို စရေးပြီဆိုရင် ၊ စမ်းပြီး ရေးတဲ့အခါမှာ ၊ လက်တလော အတွက် မဟုတ်ပဲ နောက်အချိန်မှာ ပြန်သုံးလို့ရအောင် တချို့ ကုဒ်တွေကို ကွန့်မန့်ပိတ်ထား ပြီး ရေးတတ်တဲ့ ကျွန်တော်ဟာ ပရိုဂရမ်လည်း ရေးပြီးရော ကွန့်မန့်တွေက မလိုအပ်ပဲ ဖောင်းပွနေတော့တာပေါ့။ အဲဒါကို ရှင်းဖို့အတွက် “Comment Remover” ပရိုဂရမ် တစ်ခုကို စမ်းရေးကြည့်ဖြစ်ပါတယ်။ ရေးထားတဲ့ ပရိုဂရမ်ကို အောက်က လင့်ကနေ ယူနိုင်ပါတယ်။




Figure 1: Comment Remover Program UI

// InLine Comment /** * Block Comment */ စမ်းသုံးကြည့်တာတော့ အဆင်ပြေပါတယ်။ InLine Comments တွေကိုရော Block Comments တွေကိုရော ရှင်းပေးနိုင်ပါတယ်။ အကယ်၍ သုံးကြည့်လို့ program error တက် နေရင်လည်း ပြောပေးကြပါ၊ အသုံးပြုလို့ ပိုမိုကောင်းမွန်အောင် အကြံဥာဏ်တွေကိုလည်း ပေးနိုင်ပါတယ်။

အောက်မှာ ရှိတဲ့ computer programming languages တွေ အပြင် Android Java Code တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ActionScript, C, C++ C#, D, Go, Java, JavaScript, Objective-C, PHP, Rust, Scala, SASS, Swift, Android code


Saturday, 7 January 2017

မဟာသတိပဋ္ဌာန် ဓမ္မသင်တန်း

၂၀၁၆ ဒီဇင်ဘာ ၂၅ ၊ ၂၆ ၊ ၃၁ ရက် နှင့်
၂၀၁၇ ဇန်နဝါရီ ၂ ရက် နေ့တို့တွင်        .. ဖွင့်လှစ်သင်ကြားသော

မဟာသတိပဋ္ဌာန် ဓမ္မသင်တန်းကို အကြောင်းတိုက်ဆိုင်၍ တက်ရောက်ခဲ့ပါသည်။
ဤသင်တန်းသည် ၂၀၁၆ ခုနှစ်မှ စတင်၍ ၂၀၁၇ တွင် ပြီးဆုံးသော သင်တန်းတစ်ခုလည်း ဖြစ်ပါသည်။
မဟာသတိပဋ္ဌာန် သင်တန်းတက်ရောက်၍ တရားတော်ကို ရိုသေစွာ နာကြားခြင်း ကုသိုလ် (ဓမ္မသ၀နာ) ဖြင့် ၂၀၁၇ ခုနှစ်ကို ကြိုဆိုခဲ့ပါသည်။

သတိပဋ္ဌာန် ပွားများရာတွင်
   .. ကြိုတင်ပြည့်စုံရမည့် အချက်များ ၊
   .. ပွားများမှု အကျိုးများ နှင့်
(ကိုယ်တွင်း) သာသနာပြု ခြင်း အကြောင်းများကို .. ဤနေရာတွင် ပူဇော်လိုပါသည်။

မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်သော သတိအထူးကို 'သတိပဋ္ဌာန်' ဟု ခေါ်သည်။

သတိပဋ္ဌာန်ပွားများရခြင်းအကျိုး ၇ ပါး မှာ
၁။ သတ္တာနံ ဝိသုဒ္ဓိယာ - သတ္တဝါတွေ သန့်ရှင်းစင်ကြယ်ပြီး အရိယာ ဖြစ်စေခြင်း
၂။ သောက - ပူဆွေးသောကကို ကျော်လွန်ခြင်း
၃။ ပရိဒေဝါနံ သမတိက္ကမာယ - ငိုကြွေးမှုကို ဖြတ်တောက်ခြင်း
၎။ ဒုက္ခ - ကိုယ်ဆင်းရဲမှ လွတ်မြောက်ခြင်း
၅။ ဒေါမနဿာနံ အတ္ထင်္ဂမာယ - စိတ်ဆင်းရဲမှ လွတ်မြောက်ခြင်း
၆။ ဉာယဿ     အဓိဂမာယ - မဂ္ဂင်၈ပါးလမ်းသို့ ရောက်စေခြင်း
၇။ နိဗ္ဗာနဿ      သစ္ဆကိရိယာယ - နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်ခြင်း တို့ဖြစ်ပါသည်။

ဝိသုဒ္ဓိယာ သန့်ရှင်းစင်ကြယ် ဖြစ်စေတတ်၍
ပူဆွေး သောက ကျော်လွန်မြောက်ကာ
ပရိဒေဝါ ငိုကြွေးမှုကို ဖြတ်တောက်စေ၍
ကိုယ် စိတ် ဆင်းရဲ လွတ်မြောက်စေကာ
ရှစ်ပါး မဂ္ဂင် လမ်းကြောင်းမှန်သို့ ရောက်စေသလို
နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်သည်။


ဘာဝနာ ဆိုသည်မှာ အကြိမ်ကြိမ် ပွားများ အားထုတ်ခြင်း ဖြစ်သည်။
၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း
၂။ ကျန်းမာရေး ပြည့်စုံခြင်း
၃။ မှန်ကန် ဖြောင့်မတ်သော စိတ် ရှိခြင်း
၎။ အကုသိုလ်ရှောင်၍ ကုသိုလ်ပွားများအောင် သမ္မပ္ပဓာန် (ဝီရိယ) နှင့် ပြည့်စုံခြင်း
၅။ ရုပ် နာမ် တို့ကို ပိုင်းခြား သိမြင်ခြင်း ၊ နာမ ရူပ ပရိစ္စေဒ ဉာဏ်ရှိခြင်း (ပညာရှိခြင်း)


အပရိဟာနိယ ၇ ချက်နှင့် ပြည့်စုံခြင်း
၁။ ဘုရား အပေါ်မှာ ရိုသေမှုရှိခြင်း
၂။ တရားတော် အပေါ်မှာ ရိုသေမှုရှိခြင်း
၃။ သံဃာအပေါ်မှာ ရိုသေမှုရှိခြင်း
၎။ ကိုယ်ကျင့်သီလ အပေါ်မှာ ရိုသေမှုရှိခြင်း
၅။ မိမိ၏ တရားအားထုတ်မှု ဘာဝနာ သမာဓိအပေါ်မှာ ရိုသေမှုရှိခြင်း
၆။ တရားအားထုတ်မှု၌ ကလျာဏ မိတ္တရှိခြင်း (ဆရာကောင်း၊ သမားကောင်းရှိခြင်း)
၇။ တသွေမသိမ်း မှတ်သား လိုက်နာနိုင်သူ ဖြစ်ခြင်း (သောဝစဿ     )


တရားအားထုတ်ရာတွင် ကြိုတင်ပြည့်စုံရမည့် မေတ္တာသုတ္တန်လာ အချက် ၁၅ ချက်
၁။ သက္ကော = ကမ္မဋ္ဌာန်းကို တကယ်အားထုတ်နိုင်သော လုံလဝီရိယရှိခြင်း (ဝီရိယ ၊ သမ္မပ္ပဓာန် ၄ပါး) (အာတာပီ)
၂။ ဥဇူ = ကိုယ် ၊ နှုတ် အမှုအရာ ရိုးသားဖြောင့်မတ်ခြင်း (သမ္မာဝါစာ ၊ သမ္မာကမ္မန္တ)
၃။ သုဟုဇူ = မနောကံဖြင့် ရိုးသား ဖြောင့်မတ်ခြင်း (ပို၍ ပို၍ ဖြောင့်မတ်ခြင်း) (သမ္မာသင်္ကပ္ပ)
၎။ သုဝစ = နာယူ လွယ်သူ ဖြစ်ခြင်း (ရိုရို သေသေ လေးလေး စားစား နာယူလွယ်သူ ဖြစ်ခြင်း)
၅။ မုဒု = နူးညံ့သိမ်မွေ့စွာ နေထိုင်ခြင်း (အမှတ်သတိပါရှိနေရန် သတိသမ္ပဇဉ်ဖြင့် နေထိုင်ခြင်း)
၆။ အနတိ မာနိ = မိမိကိုယ်ကို မာန်မာနကို ပယ်ထားခြင်း ၊ မရှိခြင်း
၇။ သန္တု ဿ     ကောစ = ရောင့်ရဲ လွယ်ခြင်း (ရတတ်သမျှဖြင့် ရောင့်ရဲ လွယ်ခြင်း)
၈။ သုဘရော = ဇီဇာ မကြောင်ခြင်း ၊ မွေးမြူ လွယ်ခြင်း (ရှိသမျှဖြင့် ရောင့်ရဲ လွယ်ခြင်း)
၉။ အပ္ပကိစ္စောစ = ဗဟိဒ္ဓ ကိစ္စနည်းသူ ဖြစ်ခြင်း (ပရိဗောဒ နည်းခြင်း)
၁၀။ သလ္လဟုကဝုတ္တိ = ပေါ့ပေါ့ ပါးပါး အသက်မွေးသူဖြစ်ခြင်း
၁၁။ သန္တိန္ဒြိယောစ = ဒွါရ ၆ပါး၌ သတိရှိသူဖြစ်ခြင်း (ငြိမ်သက်သော ဣနြေ္ဒိယေရှိခြင်း)
၁၂။ နိပကောစ = ရင့်ကျက်သော ပညာရှိသူ ဖြစ်ခြင်း (မိမိ၏ တရားအားထုတ်ရာတွင် တိတိကျကျ လေ့လာထားသူဖြစ်ခြင်း ၊ မိမိ၏ ဆရာထံမှ ကျကျနန သင်ယူထားခြင်း) (ပဋိယတ်ပြုလုပ်ခြင်း)
၁၃။ အပ္ပကဗ္ဘော = ကိုယ် နှုတ် စိတ် နူးညံ့သိမ်မွေ့ သူဖြစ်ခြင်း (ရုတ်ရင်းကြမ်းကြုတ်မှုမရှိခြင်း)
၁၄။ ကုလေသွ နနုဂိဒ္ဓေါ = သံယောဇဉ် မရှိခြင်း (ကိုယ်နှင့် ပတ်သက်မှု၌ သံယောဇဉ် မရှိခြင်း) (ဆွေမျိုးအပေါ်၌ သံယောဇဉ် မရှိခြင်း)
၁၅။ နစ ခုဒ္ဒ မစ္စယေ ကိစ္စိ ယေန ဝိညူ ပဒေ ဥပ္ပ ဝဒေယုံ = ဘုရား သူတော်ကောင်းတို့ မကြိုက်နှစ်သော အကုသိုလ်တရားတို့ကို ဒီနေ့မှစ၍ ငါမလုပ်တော့ဘူးဟု ဆုံးဖြတ်ချက် ချထားသူ ဖြစ်ခြင်း

(ကိုယ်တွင်း) သာသနာ ပြု ခြင်းဆိုသည်မှာ
သဒ္ဓါ မရှိသူ ၊ နည်းပါးသူတို့ကို သဒ္ဓါတရား တိုးလာအောင် ပြုလုပ်ပေးခြင်း
သီလ မရှိသူ ၊ နည်းပါးသူတို့ကို သီလ တိုးလားအောင် ပြုလုပ်ပေးခြင်း
သုတ မရှိသူ ၊ နည်းပါးသူတို့ကို သုတ တိုးလာအောင် ပြုလုပ်ပေးခြင်း
စာဂ မရှိသူ ၊ နည်းပါးသူတို့ကို စာဂ တိုးလာအောင် ပြုလုပ်ပေးခြင်း
ပညာ မရှိသူ ၊ နည်းပါးသူတို့ကို ပညာ တိုးလာအောင် ပြုလုပ်ပေးခြင်း တို့ဖြစ်ပါသည်။


ရန်ကုန်မြို့  အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် ၊ စစ်တွေမြို့  ရခိုင်ပြည်နယ် ဓမ္မာစရိယတက္ကသိုလ် ၊ လှည်းကူးမြို့ ၊ ဓမ္မာစရိယဥယျာဉ်ကျောင်းတိုက် နာယကချု ပ် ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ ၏ မဟာသတိပဋ္ဌာနသုတ္တန် ဓမ္မပူဇာ ဖြစ်ပါသည်။

https://drive.google.com/file/d/0B8_1S-h4pPHrZmd2VTBrSVJhcDA/view


နိဂုံး ချု ပ် ဆိုသော် မဟာသတိပဋ္ဌာန် သင်တန်းဖြင့် ဖွင့်လှစ်ခဲ့သော ၂၀၁၇ ခုနှစ် မှ အစပြု ၍ သတိတရားကို ပိုမိုထားရှိခြင်းဖြင့် ကောင်းသော မွန်မြတ်သော စိတ်ဓာတ်တို့ဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်စုံအောင် ကျင့်ကြံ ကြိုးစား ပွားများ အားထုတ်ပါမည်။။