အခြားအဖွဲ့က ကျောင်းသားတစ်ယောက်က ဆရာမသိအောင် ဂူဂယ်ကနေ ရှာတွေ့တဲ့ အဖြေလေ ..
How do you balance 14 nails on a single nailhead? အဖြေတွေ့တော့ အဲဒီကျောင်းသားပါဝင်တဲ့အဖွဲ့က အရင်ဆုံး လုပ်ပြနိုင်တာပေါ့။ သူတို့ လုပ်တာကို ကြည့်ပြီး ကျွန်တော်တို့ အဖွဲ့က လုပ်ကြရတာပေါ့။
အဲဒီအချိန်တုန်းက ဆရာနောက်နေတယ်ပဲ ထင်ခဲ့တာပါ။ စဉ်းစားကြည့်လေ တစ်ချောင်းပေါ်မှာ ဆယ်လေးချောင်း တင်ထားဖို့ဆိုတဲ့ မေးခွန်းကိုပေါ့။ အောက်က ပုံလေးက ကျွန်တော်တို့ အဖွဲ့က ပြုလုပ်နိုင်တာကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံလေးပါ။
ဆရာက ပြောသေးတယ် အဲ့လိုမျိုးတင်ထားနိုင်တဲ့ နောက်ထပ်ပုံစံတစ်မျိုးရှိသေးတယ်တဲ့။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတဲ့ အဖြေကိုတော့ မပြောပြခဲ့ပါဘူး။ ကျွန်တော်တို့လည်း မရှာဖြစ်ခဲ့တော့ဘူး။ စာဖတ်သူများ သိခဲ့ရင်လည်း / ရှာတွေ့ခဲ့ရင်လည်း comment ရေးခဲ့နိုင်ပါတယ်။ ပြန်လည် မျှဝေနိုင်ပါတယ်။
သို့ပေမယ် အောက်က link တစ်ခုမှာတော့ ဒီလိုပုံစံမျိုးအတိုင်း အသုံးပြု ပြီး သံချောင်းများများ တင်ထားနိုင်တာကိုတော့ တွေ့လိုက်ရပါတယ်။
မှတ်ချက်။ ဖုန်းထဲက ဓါတ်ပုံအဟောင်းတွေကို ပြန်ကြည့်ရင်း တွေးမိတဲ့ ၂၀၁၅ ဇူလိုင် ၁၀ ရက်တုန်းက ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတစ်ခုကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
ဆက်လက်ပြီး တွေးခဲ့မိတာက ... သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကောင်းတဲ့အတွက်အကြောင့်
ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးလည်း ..
.. စသည် စသည် ဖြင့် .. အတွေးများစွာ စီးဆင်းနေပါတော့တယ် ..
ဗဟုသုတများဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
No comments:
Post a Comment