ပန်းတွေငိုတဲ့ထိအောင်ပါ
.. ပန်းဆိုတာ .. လောကကြီးကို ..
.. အလှဆင်ဖို့၊ နံ့သာယှဉ်ဖို့၊ ဆေးဖော်ဖို့၊
.. ဘုရားပန်းကပ်၊ မွေးနေ့ပန်းစည်း .. ပန်းခြင်း၊
.. ပန်းထိုး၊ ရင်ထိုး၊ လွမ်းသူ ပန်းခွေ၊
.. ပန်းဆယ်မျိုး အနုပညာ၊
.. ပန်းရနံ့နှင့် ယှဉ်မှ သီလရနံ့ ပေါ်လွင်
.. ပန်းပေါင်းစုံသဖွယ်ဖြစ်သော ကျောင်း
.. နောက်ပြီး ပန်းပေးပြီလား၊ ပန်းပေးပြီလားတဲ့
.. အရှုံးဘက်မှာ သုံးကြပြန်တယ်။
.. ဘယ်လိုပဲ သုံးသုံးပါ ..
.. လှနေဆဲ၊ မွှေးနေဆဲ၊ အသုံးဝင်နေဆဲပါ ..
ပန်းတွေငိုတဲ့ထိအောင်ပါ။
No comments:
Post a Comment