သိက္ခာ၊ ကောင်းခြင်း၊ မှီရာ (ဥပနိဿ ယ)၊ အကျင့်၊
လွန်မြောက် ၃ပါး၊ ပယ် (ပဟာန်) ၃ပါး နှင့်၊ ဆန့်ကျင်၊ သုတ်သင်၊
ဖြစ်ခြင်း ၃ပါး အရိယာတည်း။
သိက္ခာ ၃ပါး = အဓိသီလသိက္ခာ၊ အဓိသမာဓိသိက္ခာ၊ အဓိပညာသိက္ခာ
ကောင်းခြင်း ၃ပါး = သာသနာတော်၏ အစကောင်းခြင်း၊
သာသနာတော်၏ အလယ်ကောင်းခြင်း၊
သာသနာတော်၏ အဆုံးကောင်းခြင်း
ဥပနိဿ ယ ၃ပါး = တေဝိဇ္ဇရဟန္တာဖြစ်ခြင်း၊
ဆဠာဘိညရဟန္တာဖြစ်ခြင်း၊
ပဋိသမ္ဘိဒါဉာဏ်ရဟန္တာဖြစ်ခြင်း
အကျင့် ၃ပါး = ကာမသုခလ္လိကအကျင့်ကိုရှောင်ကြဉ်ခြင်း၊
အတ္တကိလမထအကျင့်ကိုရှောင်ကြဉ်ခြင်း၊
မဇ္စျိမပဋိပဒါအကျင့်ကိုမှီဝဲခြင်း၊
လွန်မြောက်ခြင်း ၃ပါး = အပါယ်ဘုံမှ လွန်မြောက်ခြင်း၊
ကာမဘုံမှ လွန်မြောက်ခြင်း၊
အလုံးစုံသောဘုံမှ လွန်မြောက်ခြင်း၊
ပဟာန် ၃ပါး = တဒင်္ဂပဟာန်ဖြင့် ကိလေသာပယ်ခြင်းကိုပြ၏၊
ဝိဘ္ခမ္ဘနပဟာန်ဖြင့် ကိလေသာပယ်ခြင်းကိုပြ၏၊
သမုစ္ဆေဒပဟာန်ဖြင့် ကိလေသာပယ်ခြင်းကိုပြ၏၊
ဆန်ကျင့်ဘက် ၃ပါး = ဝီတိက္ကမကိလေသာ၏ ဆန့်ကျင်ဘက်၊
ပရိယုဠာနကိလေသာ၏ ဆန့်ကျင်ဘက်၊
အနုသယကိလေသာ၏ ဆန့်ကျင်ဘက်၊
သုတ်သင်ခြင်း ၃ပါး = ဒုစရိုက်သံကိလေသာကို သုတ်သင်၏၊
တဏှာသံကိလေသာကို သုတ်သင်၏၊
ဒိဋ္ဌိသံကိလေသာကို သုတ်သင်၏၊
အရိယာ ၃ပါး = သောတာပန်၊ သကဒါဂါမ် ဖြစ်ခြင်းအကြောင်းကိုပြ၏၊
အနာဂါမ်ဖြစ်ခြင်းအကြောင်းကိုပြ၏၊
ရဟန္တာဖြစ်ခြင်းအကြောင်းကိုပြ၏၊