ဓါတ်ပုံ၊ ပန်းချီ၊ ဂီတ အနုပညာကို ကျွန်တော် ၀ါသနာပါသည်။ အလယ်တန်း ကျောင်းသားဘ၀လောက်က အဒေါ်၏ ပံ့ပိုးမှုဖြင့် စန္ဒယားတီး အတတ်ပညာကို သင်ယူခဲ့သည်။ အဲသည့်အချိန်တုန်းက ကိုယ်ကိုယ်တိုင် စန္ဒယားတီးတာကို စိတ်ပါဝင်စားမှု သိပ်မရှိခဲ့။ အဒေါ်၏ အဆွယ်ကောင်းမှုကြောင့်တာ သင်ဖြစ်ခဲ့သည်။
စန္ဒယားသည် ကြိုးဖြင့်အသံတုန်ခါမှုဖြင့် ဂီတကို ဖြစ်စေသော တူရိယာတစ်မျိုးဖြစ်သည်။ ကြိုးတပ် ဂီတ တူရိယာများကို ကျွန်တော် ကြိုက်နှစ်သက်သည်။ စန္ဒယား၊ တယော၊ ဂစ်တာ တို့မှာ ကျွန်တော့် အသည်းစွဲ ဂီတ တူရိယာများဖြစ်သည်။
အခြားသူကြောင့် ဖြစ်ဖြစ်၊ အလုပ်ကြောင့် ဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် စိတ်ပင်ပန်း နွမ်းနယ်နေချိန်မှာ စန္ဒယားဖြင့် တီးခတ်ထားတဲ့ သီချင်း အေးအေးလေး နားထောင်ရတဲ့ အရသာကို မည်သည့်အရာနှင့်မျှ မလဲနိုင်ပါ။ ဂီတသည် ကျွန်တော့်အတွက် စိတ်၏ ထွက်ပေါက်တခုဖြစ်ပါသည်။
စိတ်ရှုပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ၊ စိတ်သည် ဆောက်တည်ရာ မရတဲ့အခါမှာ စန္ဒယားတီးခတ်ခြင်းသည် စိတ်၏ ညစ်ညူးမှုကို ဖြေပျောက်စေသည်။ စိတ်၏ စေလို၊ စေခိုင်းချက်အရ တခါတရံ တီးခတ်သည့် ဂီတသည် ကြမ်းကြမ်းတမ်းတမ်း တီးခတ်ခြင်း၊ သာသာ ယာယာ နူးနူးညံ့ညံ့ တီးခတ်ခြင်းတို့ ဖြစ်စေသည်။
ယခုတစ်ကြိမ်တော့ သံစဉ် အေးအေးလေး တစ်ခုကို ကျွန်တော် တီးခတ်ဖြစ်သည်။ အေးမြတဲ့ ဒီဇင်ဘာနှင့် ခံစားချက် ထပ်တူကြမည်ဟု ကျွန်တော် ထင်သည်။ လူသိလည်း များသည့် ထိုသံစဉ်ကို အောက်က link မှာ download ဆွဲပြီး laptop ပေါ်မှာ နားထောင်ကြည့်ခြင်းဖြင့် စိတ်နှလုံး ရွှင်လန်းပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေ ..
No comments:
Post a Comment