မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Sunday, 9 March 2014

ခန္ဓာကိုယ် အကြောင်းပြုပြီး ဖြစ်သော အကုသိုလ်စိတ်ကို ကာကွယ်ရန်


ဤမေ၀တ္ထု အနိစ္စ၊ ဒုက္ခ၊ အနတ္တ ၀ိပရိဏာမ ဓမ္မာ

ဤ သက်မဲ့ ရုပ်၊ အရာဝတ္ထုတို့သည် တည်မြဲခြင်း မရှိ၊ ဖြစ်ပြီး ပျက်တတ်သော သဘောရှိသည်၊ ကိုယ် စိတ် နှစ်ပါး ဆင်းရဲစေတတ်သောကြောင့်၊ ဆင်းရဲခြင်း အမှန်ဖြစ်သည်၊ မိမိ၏ သဘောသို့ လိုက်ပါသော သဘောမရှိ၊ အစိုးမရ သူ့သဘော သူသာ ရှိသည်၊ သင်္ခါရ ဓမ္မ သက်သက် ဖြစ်သည်။

ဤမေပုဂ္ဂလာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ၀ိပရိဏာမ ဓမ္မာ

ဤ သက်ရှိ ရုပ်၊ နာမ် နှစ်ဖြာရှိသော လူ၊ ပုဂ္ဂိုလ်တို့သည် တည်မြဲခြင်း မရှိ၊ ဖြစ်ပြီး ပျက်တတ်သော သဘောရှိသည်၊ ကိုယ် စိတ် နှစ်ပါး ဆင်းရဲစေတတ်သောကြောင့်၊ ဆင်းရဲခြင်း အမှန်ဖြစ်သည်၊ မိမိ၏ သဘောသို့ လိုက်ပါသော သဘောမရှိ၊ အစိုးမရ သူ့သဘော သူသာ ရှိသည်၊ သင်္ခါရ ဓမ္မ သက်သက် ဖြစ်သည်။

ဤသို့ ဆင်ခြင်ခြင်းဖြင့် မိမိတို့၏ သန္တာန်တွင် အကုသိုလ်စိတ် မဖြစ်အောင် ကာကွယ်တားဆီးနိုင်ပါလိမ့်မည်။ အလှူဒါန မပြုမီ၊ ပြုဆဲ၊ ပြုပြီးတိုင်း အချိန်တွင်လည်း ဤသို့ ဆင်ခြင်သင့်ပါသည်။ အချိန်တော်တော်များများမှာ ဤသို့ ဆင်ခြင်နိုင်ရန် ကျွန်တော် တော်တော်လေး ကြိုးစားရပါဦးမည်။ မှန်မှန်ကန်ကန် ကြိုးစားသူတိုင်းတွင် ထိုက်တန်သော ရလဒ်ရှိရမည်မှာ ဧကန် အမှန်ပင် ဖြစ်ပါသည်။

No comments:

Post a Comment