မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..
Friday, 5 September 2014
ဗုဒ္ဓဘာသာဝင်များ၏ တစ်နေ့တာ ချမ်းသာအောင် နေနည်း
နေထွက် နေ၀င်၊ ကိုးဂုဏ်ရှင် (မြတ်စွာဘုရား)၊ နေ့စဉ် ရှိခိုးမယ်
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွား ကန်တော့မယ်
မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ် မေတ္တာပွားပါ့မယ်
သစ်ရင်း သစ်ရင်း လျှော့ယိုယွင်း၊ ရုပ်ဆင်း သတိထားပါ့မယ်
မသန့်မစင် ရေအိမ်ဝင်၊ ဆင်ခြင် အသုဘ ပွားပါ့မယ်
လူမမာကြီး ဆွေးကျွေးနည်းသို့ ပုံမှီး၍သာ၊ ဤခန္ဓာ အစာရေစာ ကျွေးပါ့မယ်
နူနာကောင်ကြီး ကျပ်တွေစည်းသို့ ပုံမှီး၍သာ၊ ဤခန္ဓာ တန်ဆာ အ၀တ်ဆင်ပါ့မယ်
နေ့စဉ် ယုယ ကျွေးမွေးရလည်း၊ ခဏတိုင်းသေ၊ နေ့တိုင်းသေ၊ သေမှု ဆင်ခြင် ပွားပါ့မယ်
ရုပ်ဆင်း ကြန်အင် အကန်းသွင် မမြင်ချင်ယောင် ဆောင်ပ့ါမယ်
တွေ့ကရစကား နားပင်းလား၊ မကြားချင်ယောင် ဆောင်ပါ့မယ်
စကားပေါက်ကရ နှုတ်မဟ၊ အအ လိုပဲ နေပါ့မယ်
လောဘစကား ဒေါသစကား မောဟစကား မာနစကား ဣသာစကား မီးတောက်လား ရှောင်ရှားဝေးစွာ နေပါ့မယ်
လူချင်းတွေ့လျှင် ကိုယ်ကပင် အရင် မေတ္တာ ပို့ပါ့မယ်
တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်
ပြိုင်မယ့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပ့ါမယ်
ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်
နိုင်မယ့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်
ကိုယ်ထက်သာလျှင်၊ မုဒိတာဝင်၊ မ၀င် ဣဿာ ယိုင်တတ်တယ်
ယိုင်မယ့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်
ကောင်းဆိုး ကြုံရ၊ "ဘုံဘ၀"၀ယ်၊ ကယ်မ ဖို့ရာ၊ ခွင့်မသာမူ
သတ္တ၀ါတစ်ခု၊ ကံတစ်ခုဟု၊ ဥပေက္ခာဝင်၊ ကံဆင်ခြင်
ကြည်လင်အေးအောင် နေပါ့မယ်
ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်၊ ပြင်ဆင်တိုင်းရ၊
ပြင်တိုင်းလှ၊ သုခ နိဗ္ဗာန် တိုင်လိမ့်မယ်
ဓမ္မာစရိယ - ဦးဌေးလှိုင် (ဘ၀ခုံရုံး စာအုပ်မှ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment