မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..
Monday, 25 August 2014
၂၀၁၄ ခုနှစ်, စာကြည့်တိုက် ဝေယျာဝစ္စကုသိုလ် နှင့် ကျွန်တော်
မနေ့က တနင်္ဂနွေနေ့ ညနေ ၃နာရီ - ၆နာရီ, ယူးနို့စ် ဘူတာရုံ အနီး မင်္ဂလ၀ိဟာရ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စကုသိုလ် ပြုခဲ့သည်။ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေကို ပြန်လည်နေရာ ချထားဖို့အတွက် လုပ်အားပေး ကုသိုလ် ပြုခဲ့ခြင်း ဖြစ်ပါသည်။
ဆရာတော်တစ်ပါး၏ ဦးဆောင်မှုဖြင့် စာအုပ်တွေကို အမျိုးအစားခွဲခြားနိုင်ခဲ့ပါသည်။ မှတ်မိသလောက် ပြောရမည်ဆိုရင် Life of Buddha, Teaching, literature, history, pali, and comparative တို့ဖြစ်ပါသည်။
လွယ်ကူ ရှင်းလင်း၍ ပြုလုပ်ရန် လွယ်ကူသော cataloging နည်းကို ကျွန်တော်တို့ သူငယ်ချင်း ၂ယောက် ကြိုတင် တိုင်ပင်ထားကြပါသည်။ ကွှန်တော်တို့၏ နည်းမှာ နံပါတ်စဉ်အတိုင်း ဖြစ်ပါသည်။
XXXXXXXX. XXXXXXXXX
[Book Id] . [Category Id]
ဥပမာ။ ။ Teaching နဲ့ ပတ်သက်သော စာအုပ်တွေကို [cateogry Id = 1] လို့ သတ်မှတ်လိုက်ရင်, ထို category တွင် ကျရောက်သော စာအုပ်နံပါတ်သည် [1.1, 2.1, 3.1, ... ] စသည်ဖြင့် စာအုပ်အရေအတွက်ရှိသလောက် [n.1] ဖြစ်သွားပါမည်။ စာကြည့်တိုက်တွင် ကွန်ပျူတာထားရှိပြီး Microsoft Office Excel program ကို သုံးဖို့ စီစဉ်ထားပါသည်။
ကိုယ်တိုင်က အိုင်တီ ကျောင်းသား တစ်ယောက်ဖြစ်နေလို့လား မပြောတတ်ပါ။ အလွယ်ဆုံး၊ အမြန်ဆုံး၊ အရှင်းဆုံးနှင့် အလုပ်ဖြစ်နိုင်ဆုံး cataloging နည်းလမ်းကို ရှာကြံခဲ့ခြင်းဖြစ်ပါသည်။
နာရီဝက်လောက် နောက်ကျပြီး ကျွန်တော် ရောက်သွားသည့်အချိန်တွင် စင်္ကာပူနိုင်ငံသား သက်ကြီး ၀ါကြီးတွေက သူတို့၏ cataloging နည်းနှင့် သူတို့၏ program ကို အသုံးပြုရန် စီစဉ်ပြီး ဖြစ်နေပါသည်။ သူတို့၏ နည်းနှင့် ကျွန်တော်တို့ ကြိုတင် စီစဉ်ထားသော နည်းတို့မှာ၊ အင်္ဂလိပ် အက္ခရာနှင့် နံပါတ်စဉ် သတ်မှတ်ရာမှလွဲ၍၊ များစွာ ကွာခြားမှု မရှိပါ။
သူတို့နဲ့ အတူ စာအုပ်များကို တူရာ စု၊ နေရာချခြင်း ပြုလုပ်ခဲ့ပါသည်။ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ပါသည်။ အကြောင်းမှာ ကျွန်တော်တို့ ထိုများပြားလှသော၊ အဖိုး မဖြတ်နိုင်သော စာအုပ်များကို မကြာမီ နေ့ရက်တွေမှာ ဖတ်နိုင်တော့မည်ဖြစ်ကြောင်း ယုံကြည်မိ၍ဖြစ်ပါသည်။
စာကြည့်တိုက်မှ ပြန်ထွက်ချိန်တွင် 'Manual of Abhidhamma' စာအုပ်ကို မျက်စိကျခဲ့ပါသည်။ ဆရာတော်က 'သူ့ထက်ကောင်းတဲ့ စာအုပ်ကို ပေးမည်ဟု' ဆို၍ ထို စာအုပ်ကို အသာပြန်ချထားခဲ့ပါသည် ခင်ဗျာ ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment