ကျန်းမာရေးသည် လာဘ်တစ်ပါး ဖြစ်သည်။ ကျန်းမာရေးကောင်းမှသာ မိမိတို့ ပြုလုပ်လိုရာ ကိစ္စအ၀၀ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မိမိ၏ ကျန်းမာရေးကောင်းခြင်းသည် သူတစ်ပါးကို အကူအညီပေးရာလည်း သက်ရောက်ပါသည်။
ကျန်းမာအောင်နေထိုင်နိုင်ဖို့အတွက် မှန်ကန်သော ကျန်းမာရေးအသိပညာကို သိရှိရန် အရေးတကြီး လိုအပ်သည်။ ဆောင်ရန်၊ ရှောင်ရန်တွေကို သိနားလည်ဖို့ လိုအပ်ပါသည်။ သို့မှသာ မိမိတို့၏ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါလိမ့်မည်။
မှန်ကန်သော ကျန်းမာရေးအသိပညာကို တစ်ဦးမှ တစ်ဦး လက်ဆင့်ကမ်းဖို့လည်း လိုအပ်ပါသည်။ ထိုသို့ လက်ဆင်ကမ်းခြင်းဖြင့် မိမိ၏ မိသားစုဝင်များ၊ မိမိ၏ ဆွေမျိုးသားချင်းများ၊ မိမိ၏ သူငယ်ချင်းများမှသည် နိုင်ငံတစ်ခု အမျိုးသားကျန်းမာရေး မြှင့်တင်ရေးအတွက် အထောက်အပံ့ပေးရာလည်း ရောက်စေပါသည်။
ကိစ္စတိုင်းတွင် အကျိုးကို ကြည့်ရုံနှင့်မရ၊ အကျိုးကို ဖြစ်စေတတ်သော အကြောင်းရင်းကို သိဖို့လည်း လိုအပ်ပါသည်။ လတ်တလော နေထိုင်မကောင်းဖြစ်နေသည် ဆိုပါစို့။
နေထိုင်မကောင်း ဖြစ်စေသည့် အကြောင်းရင်းကို မပြုပြင်ပဲ၊ လက်ရှိခံစားနေရသော နေထိုင်ကောင်းအောင်ဆိုတဲ့ အကျိုးကိုကြည့်ပြီး ဆေးထိုး၊ ဆေးသောက် လုပ်နေရုံနဲ့ ထိရောက်မှု မရှိနိုင်ပါ။
အကြောင်းရင်းကိုပါ ပြုပြင်ဖို့လည်း လိုအပ်ပါသည်။ ပြုပြင်ဖို့ဆိုရာတွင်လည်း မှန်ကန်သော ပြုပြင်ဖို့ပြုရန်အတွက် သိနားလည်ဖို့လည်း လိုအပ်ပါသည်။ ထို့ကြောင့် အရင် နားလည်အောင် လုပ်ကြပါစို့။
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
No comments:
Post a Comment