ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၆ နိုင်ငံရှိသည်။ နိုင်ငံတိုင်းမှာ မတူ၊ ကွဲပြားသော နိုင်ငံတော်အလံဆိုတာ ရှိမြဲဖြစ်သည်။ နိုင်ငံတော်အလံအဖြစ် သတ်မှတ်ရာတွင် နိုင်ငံတကာ စံသတ်မှတ်ချက် မရှိ၊ များသောအားဖြင့် နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုအရ သတ်မှတ်ကြပါသည်။ နိုင်ငံတော်အလံ အများစုသည် ထောင့်မှန်စတုဂံပုံစံ ရှိကြသော်လည်း ထူးထူးခြားခြားအနေဖြင့် နီပေါနိုင်ငံ၏ နိုင်ငံတော်အလံသည် အောက်တွင် မြင်ရသည့်အတိုင်း တြိဂံနှစ်ခုကို ထပ်ဆင့်ထားသည့်ပုံစံ ရှိသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ယခင် နိုင်ငံတော်အလံနှင့် ယခုလက်ရှိ နိုင်ငံတော်အလံကို အောက်တွင် ယှဉ်လျက် တွေ့နိုင်ပါသည်။
(ယခင်)
(ယခု)
ယခင် နိုင်ငံတော်အလံတွင် ပါဝင်သော သင်္ကေတ၏ အဓိပ္ပါယ်ကို ကျွန်တော်တို့ နိုင်ငံသားတိုင်း သိပြီးဖြစ်သည်။
ယခုလက်ရှိ နိုင်ငံတော်အလံအကြောင်းကို ကျွန်တော်သိရသလောက်ပြောရမည်ဆိုရင် အစိမ်းရောင်သည် ငြိမ်းချမ်းခြင်း သင်္ကေတ၊ အ၀ါရောင်သည် စုစည်းကျစ်လစ်ခြင်း သင်္ကေတ၊ အနီရောင်သည် ရဲစွမ်းသတ္တိ၏ သင်္ကေတ ဖြစ်ပါသည်။ အဖြူရောင်ကြယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ သင်္ကေတ ဖြစ်ပါသည် ခင်ဗျာ။
No comments:
Post a Comment