စင်္ကာပူစံတော်ချိန်၂၀၁၆ မတ်လ ၁၈ရက် သောကြာနေ့ ညသန်းခေါင်ကျော် ၁၂နာရီခွဲမှာ စင်္ကာပူမှ သီရိလင်္ကာနိုင်ငံသို့
လေယာဉ်ဖြင့်ခရီးစတင်ခဲ့ပါသည်။ စင်္ကာပူစံတော်ချိန်၂၀၁၆ မတ်လ ၁၉ရက် စနေနေ့ မနက် ၄နာရီ ၉မိနစ်မှာ သီရိလင်္ကာနိုင်ငံသို့
ဆိုက်ရောက်ပါသည်။
ယခုအချိန်ကာလတွင် စင်္ကာပူနိုင်ငံမှ သီရိလင်္ကာနိုင်ငံခရီးသွားဖို့အတွက် emirate singapore airway လေကြောင်းလိုင်းသည်
ဈေးနှုန်းသက်သာဆုံးဖြစ်ပါသည်။ emirate လေကြောင်းလိုင်းသည် ဒူဘိုင်းအခြေစိုက် ကုမ္ပဏီဖြစ်ပြီး ဘိုးအင်း လေယာဉ်အမျိုးအစားကို အသုံးပြုသည်။ အသွားအပြန် လေယာဉ်လက်မှတ်အတွက် တစ်ယောက်ကို စင်္ကာပူဒေါ်လာ ၄၇၁ ကျသည်။
သီရိလင်္ကာနိုင်ငံခရီးထွက်ဖို့ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ဗွီဆာ (visa) နှင့် လေယာဉ်လက်မှတ် ၀ယ်ဖို့လိုသည်။
အွန်လိုင်း အင်တာနက် (internet) မှ ဗွီဆာ ကြိုတင်လျှောက်ထားနိုင်သည်။ ကျသင့်ငွေ ယူဆက်ဒေါ်လာ ၅၀ (US$50) ဖြစ်သည်။
ဗွီဆာသက်တမ်း ၄လနီးပါးရှိပြီး ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရပါသည်။ အွန်လိုင်းဗွီဆာလျှောက်ရင် ချက်ချင်းဆိုသလို ဗွီဆာရပါသည်။ အောက်ပါ လင့်ဖြင့် ဗွီဆာလျှောက်ထားနိုင်သည်။
http://www.eta.gov.lk/slvisa/visainfo/center.jsp?locale=en_US
Passport နာမည်၏ နောက်ဆုံးစာလုံးကို Surname/Family Name တွင်ဖြည့်စွက်၍
ကျန်စာလုံးများကို Other/Given Name တွင်ဖြည့်စွက်ရသည်။
သီရိလင်္ကာနိုင်ငံသည် နွေနှင့်မိုး ရာသီနှစ်ခုရှိသော ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ ခရီးစဉ်အတွက် အပူဒဏ်ခံနိုင်ပြီး လျှောမကျသော
ဖိနပ်နှင့်ထီး ဆောင်သွားသင့်ပါသည်။ လမ်းခရီးကောင်းမွန်ပြီး ၂၄နာရီ လျှပ်စစ်မီးရရှိသည်။ သုံးပင်ပလပ်ခေါင်း အ၀ိုင်းနှင့် လေးထောင့်တို့ကို အသုံးပြုကြပါသည်။
No comments:
Post a Comment