မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Monday, 4 April 2016

သီရိလင်္ကာ ဘုရားဖူး ခရီးစဉ် ပထမနေ့ (၁၉ရက်.မတ်လ.၂၀၁၆)

၂၀၁၆ခုနှစ် မတ်လ ၁၉ရက်နေ့ သီရိလင်္ကာစံတော်ချိန် မနက် ၁နာရီ ၄၀မိနစ်တွင် သီရိလင်္ကာနိုင်ငံသို့ ဆိုက်ရောက်ပါသည်။
စင်္ကာပူနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ၁၇၅၆မိုင် ကွာဝေးကြောင်း သိရပြီး၊ ပျံသန်းချိန် ၄နာရီနီးပါးရှိပါသည်။

ဒေသခံအပူချိန် ၈၆ဒီဂရီ ဖာရင်ဟိုက်ရှိပြီး သီရိလင်္ကာနိုင်ငံ၏ မြို့ တော်ဖြစ်သော ကိုလန်ဘိုမြို့ ၏ နိုင်ငံတကာလေဆိပ်ဖြစ်သော
ဘန်ဒါရာနိုင်ကီ (Bandaranaike International Airport, Comlombo) သို့ဆိုက်ရောက်ခြင်းဖြစ်ပါသည်။

အင်္ဂလိပ် ကိုလိုနီလက်အောက်ကျရောက်ခဲ့သည် အကြောင်းတူနေ၍လား မပြောတတ်၊
ရန်ကုန် နိုင်ငံတကာ မင်္ဂလာဒုံလေဆိပ်နှင့် တည်ဆောက်ပုံခြင်း တူညီနေသည်လို့ စိတ်ခံစားရပါသည်။

ရဟန်းသံဃာတွေကို ဦးဦးဖျားဖျား ၀န်ဆောင်မှုပေးတတ်သော၊ သီရိလင်္ကာနိုင်ငံသားတို့၏ ယဉ်ကျေးမှုဓလေ့ကို
လေယာဉ်ပေါ်မှ ဆင်းဆင်းခြင်း၊ လေဆိပ်အတွင်းမှာတင် မြင်တွေ့နိုင်ပါသည်။ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံနှုတ်ဆက်ရာတွင်
အာယုဘ၀န် (AyuBoWan) လို့ နှုတ်ဆက်လေ့ရှိပါသည်။ အသက်ရှည်ပါစေလို့ အဓိပ္ပါယ်ရပါသည်။
ကျွန်တော့်အနေဖြင့် ဂျိန်းဘွန်း၏ အာယုဘွန် လို့ တွဲမှတ်ထားလိုက်သဖြင့် မှတ်မိလွယ်နေပါသည်။ :D

သီရိလင်္ကာ၏ ထူးခြားသော ဘာသာရေးယဉ်ကျေးမှုမှာ ဗုဒ္ဓရုပ်ပွားတော်ကို ကျောပေးပြီး ဓါတ်ပုံမရိုက်စေခြင်း၊
နောက်ကျောထား၍ ဓါတ်ပုံရိုက်ခွင့်မပြု ခြင်း ဖြစ်ပါသည်။ လေဆိပ်အတွင်း၌ပင်  ကြည်ညိုဖွယ်ကောင်းသော ဗုဒ္ဓရုပ်ပွားတော်ကို
ဖူးမြော်၊ မြင်တွေ့နိုင်ပါသည်။



ဆက်ရန် ..

No comments:

Post a Comment