(၁)။ မိမိစိတ်ကို အမြဲတမ်း ကုသိုလ်စိတ်ဖြစ်စေရမည်ဟု သန္နိဋ္ဌာန် ချထားရသည်။
(၂)။ စိတ်ကို ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးညွတ်စေရသည်။
(၃)။ ကုသိုလ်စိတ်ကို အမြဲတမ်းလေ့ကျင့်ပေးရသည်။
(၄)။ အဲဒီ အချက်တွေနဲ့ ယောနိသောမနသိကာရ ထားနိုင်ရသည်။
အဲဒီအချက်တွေနဲ့ ပြည့်စုံရင် စိတ်ဟာ "အမြဲတမ်း ကုသိုလ်စိတ်" ဖြစ်နေမည်။ ကုသိုလ်တွေ များလာခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရလာမည်။ ဒီဘ၀မှာလည်း ကောင်းကျိုးချမ်းသာရရှိမည်။ နောင်ဘ၀မှာလည်း ကောင်းတဲ့ အကျိုးကို ခံစားရမည်။ နှစ်ဖက်စလုံး ကောင်းမွန်တဲ့တရားဖြစ်လို့ ဒီလိုကုသိုလ်မျိုး များများရအောင် ကျင့်ယူရမည်။
(ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)
No comments:
Post a Comment