အောင်အတိတ် တဘောင်
သာသနာတစ်ဝက်ခရီးမှာဖြင့်
ဗမာတွေ ကနက်ထီးတွေနဲ့
ပျက်စီးဘို့ အရေးကြုံ
ရွှေပေးလို့ မောင်မယုံ
ငွေပေးလို့ မောင်မယုံ
နယ်ကုန်အောင် ဖြစ်မဲ့အရေး
သည်ဥာဏ်နဲ့တွေး
အတိတ်ကယ်ဆောင်
အောင်နိမိတ်ဘောင်လှုပ်ရှား
တံတားတွေ တွင်တွင်ဆောက်ပါလို့
ဘုရားတွေ ရင်ပြင်လဲမှဖြင့်
တခြားပြည် ၀င်ကာနောက်လိမ့်မယ်၊
တခြားပြည် ၀င်ကာမနှောက်ရအောင်
ပြည်တော်ပြန် .စု.မယ်.ထွေး.
နန်းတက်မှ အေး...။
No comments:
Post a Comment