ကလေးမြို့ ၊ နေသာ ပညာဒါန သင်တန်းကျောင်း၏ ၅ ကြိမ်မြောက် ယဉ်ကျေးလိမ္မာ လူငယ် သင်တန်း တောင်ဖီလာတောရ၊ မဟာဝိသုဒ္ဓါရုံ စာသင်တိုက်တွင် ( ၂၃. ၁၂. ၂၀၁၁ မှ ၂၇. ၁၂. ၂၀၁၁ ထိ) ဆရာ ၀င်းမင်းထွန်း (မိခင် မြန်မာစာ) ဟောပြောသော ဘ၀ တသက်တာ အမှတ်တရ ရုပ်သံ မှတ်တမ်းဖိုင်တွဲကို ကြက်တောင်ရိုက်ရင်း ခင်မင်ရင်နှီးသော အမ တစ်ယောက်ထံမှ ၁၉. ၁. ၂၀၁၄ နေ့ရက် ညနေ စကာင်္ပူအချိန် ၇နာရီကျော်ကျော် အနီလိုင်း ချော်ချူးကန် မှတ်တိုင်တွင် ရရှိခဲ့ပါသည်။
ငယ်ရွယ်သော သားငယ်၊ သမီးငယ်များ၊ ညီလေး၊ ညီမလေးတို့သည် မိဘ ကျေးဇူးကို လွယ်လွယ်ကူကူ နားလည်စေလိုသော စေတနာ၊ လိမ္မာယဉ်ကျေးသော လူငယ် လူကောင်းလေးများ ဖြစ်စေလိုသော စေတနာတို့ဖြင့် ဆရာ ၀င်းမင်းထွန်း၏ ဟောပြောထားပုံမှာ အရမ်းကောင်းသည်။ ဟောပြောပုံမှာ ထိမိလှသဖြင့် နားထောင်နေရင်း ကျွန်တော် မျက်ရည်လည်ခဲ့ရသည်။ ဆရာဟောပြောသော ရုပ်သံမှတ်တမ်းကို ဤနေရာမှ ပြန်လည် မျှဝေပါသည်။
"ဘ၀ တသက်တာ အမှတ်တရ" အမှတ် ၁
"ဘ၀ တသက်တာ အမှတ်တရ" အမှတ် ၂
"ဘ၀ တသက်တာ အမှတ်တရ" အမှတ် ၃
"ဘ၀ တသက်တာ အမှတ်တရ" အမှတ် ၎
"ဘ၀ တသက်တာ အမှတ်တရ" အမှတ် ၅
No comments:
Post a Comment