Class Diagram သည် UML diagrams တွေထဲတွင် အခြေခံအကျဆုံး ဖြစ်သည်။ ၎င်းသည် Class အချင်းချင်း တို့၏ relationships တို့ကို ဖော်ပြသည်။ များသောအားဖြင့် (၄) မျိုး ခွဲခြားနိုင်သည်။
၎င်းတို့မှာ
(၁) Association
class A နှင့် class B ကြားတွင် အလုပ် အတူတူ ပြုလုပ် လှုပ်ရှားမှု ကြိယာပုဒ် ရှိသည်။ ထို relationship ကို UML တွင် Association အဖြစ် သတ်မှတ်သည်။ ဥပမာဆိုရင် I learn Java. I develop a program. ဂျာဗားကို ကျွန်တော် လေ့လာသည်။ ကျွန်တော် နှင့် ဂျာဗား အကြားတွင် ပြုလုပ် လှုပ်ရှားမှု ကြိယာပုဒ် ရှိသည်။ ပရိုဂရမ်ကို ကျွန်တော် တည်ဆောက်သည်။ ကျွန်တော် နှင့် ပရိုဂရမ် အကြားတွင် ပြုလုပ် လှုပ်ရှားမှု ကြိယာပုဒ် ရှိသည်။
(၂) Aggregation
class A တွင် class B ရှိနိုင်သည်။ class B သည် class A ၏ အစိတ်အပိုင်း ၁ခုအနေ ဖြစ် (သို့) မဖြစ် ရှိနိုင်သည်။ class A နှင့် class B တို့၏ life-time သည် အချင်းချင်း မှီခိုမှု မရှိ တည်ရှိနိုင်သည်။ ထို relationship ကို "has-a" relationship ဟု ခေါ်သည်။ UML တွင် Aggregation အဖြစ် သတ်မှတ်သည်။
ဥပမာဆိုရင် Airport has a Aircraft. Aircraft is not a part of Airport. They can exist without each other.
လေယဉ်ကွင်းတွင် လေယဉ် ရှိသည်။ လေယဉ် မရှိသော လေယဉ်ကွင်း ရှိနိုင်သည်။ လေယဉ်ကွင်း ပြင်ပတွင် ရှိသော လေယဉ် ရှိနိုင်သည်။ သူတို့ ၂ခုသည် မှီခိုမှု ကင်းနိုင်သည်။ သို့သော် လေယဉ် (က) သည် လေယဉ်ကွင်း (က) တွင် ရှိနေသည်ဆိုလျှင် အခြားလေယဉ်ကွင်း (ခ) တွင် မရှိနိုင်ချေ။ သတ်သတ်မှတ်မှတ် ပိုင်ဆိုင်မှုတော့ ရှိသည်။
(၃) Composition
class A တွင် class B ရှိသည်။ class B သည် class A ၏ အစိတ်အပိုင်း ၁ခုအနေဖြစ် တည်ရှိသည်။ class A ၏ အစိတ်အပိုင်း တခုဖြစ်တဲ့ class B ကို class A တခုတည်းက ပိုင်ဆိုင်နိုင်သည်။ class B ၏ life-time သည် class A အပေါ် မှီခိုမှု ရှိနေနိုင်သည်။ ထို relationship ကို "has-a" relationship ဟု ခေါ်သည်။ UML တွင် Composition အဖြစ် သတ်မှတ်သည်။ Composition သည် Aggregation ထက် stronger relationship ဖြစ်သည်။
ဥပမာဆိုရင် I have My Heart. My Heart belongs to only I. When I exist, My Heart also exists. When I die, My Heart also dies. I can't live without My Heart.
ကျွန်တော့်တွင် ကျွန်တော့် ကိုယ်ပိုင် နှလုံး ရှိသည်။ ကျွန်တော် မွေးကတည်းက နှလုံး ရှိသည်။ ကျွန်တော် သေဆုံးရင် ကျွန်တော့် နှလုံး သေဆုံး နိုင်သည်။ ကျွန်တော့် နှလုံး မရှိပဲ ကျွန်တော် အသက်မရှင်နိုင်။ အဲသည့် ၂ခုသည် အချင်းချင်း မှီခိုနေကြသည်။
(၄) Generalization
class A သည် class B ၏ အမျိုးအနွယ် ၁ခု ဖြစ်သည်။ ထို relationship ကို 'is-a' relationship ဟု ခေါ်သည်။ UML တွင် Generalization အဖြစ် သတ်မှတ်သည်။ ဥပမာဆိုရင် Man is a Human. ယောင်္ကျားသည် လူသား အမျိုးအနွယ် ၁ခု ဖြစ်သည်။
No comments:
Post a Comment