မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Monday, 25 November 2013

အနတ္တ လောက နှင့် ဒုက္ခ

အနတ္တ လောကကြီး ဖြစ်သည်၊ အတ္တလောက မဟုတ်။ အကြောင်း အကျိုး လောကကြီး ဖြစ်သည်။
ဖြစ်ချင်တိုင်းဖြစ်သည့် လောက မဟုတ်။ ဖြစ်ချင်တိုင်း ဖြစ်နေလျှင် စိတ်တိုင်းမကျသူဟူ၍ ဘယ်မှာရှိမည်နည်း။ ဖြစ်ချင်တိုင်းမဖြစ်ကြ၍သာ လောကသည် စိတ်တိုင်းမကျသူတို့နှင့် ပြည့်နေသည်။ 

အမှန်စင်စစ် ဖြစ်ချင်တိုင်းဖြစ်သည်မဟုတ်။ ဖြစ်စရာရှိသည့်အတိုင်း ဖြစ်သည်။ ကောင်းအောင်လုပ်ထားလျှင် ကောင်းမည်။ ဆိုးအောင်လုပ်ထားလျှင်ဆိုးမည်။ ဆိုးအောင် လုပ်ထားပြီးမှ ကောင်းချင်၍ မရ။  ကောင်းချင်သော ပုဂ္ဂိုလ်များအတွက် ကောင်းအောင် လုပ်ခြင်းမှတပါး တခြားအားကိုးရာ မရှိပြီ။ 

စားသောက်အပ်သော အစာအာဟာရသည် မုချကျင်ကြီးကျင်ငယ်ကို ဖြစ်စေ သကဲ့သို့ ချစ်ခင်မြတ်နိုးမှုသည် မုချ စိုးရိမ်ပူပန်ခြင်းကို ဖြစ်စေလိမ့်မည်။ ဒုက္ခကို မည်သူကမှ ပေးသည်မဟုတ်။ ဒုက္ခဟူသည် လောဘကြောင့် ဖြစ်သည်။ ကိုယ့်လောဘ ကိုယ်လျှော့၍ ကိုယ့်ဒုက္ခ ကိုယ်လျော့အောင် ကြိုးစားသင့် ကြသည်။ ကိုယ့်လောဘ ကိုယ်ထိန်း၍ ကိုယ့်ဒုက္ခကိုယ်ငြိမ်းအောင် ကြိုးစားသင့်ကြသည်။ 



သစ္စာရွှေစည် ဆရာတော် အသျှင်ဥတ္တမ

No comments:

Post a Comment