မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Monday, 25 November 2013

အေဘရာဟင်လင်ကွန်း

အမေရိကန်နိုင်ငံ၏ (၁၆) ယောက်မြောက် သမ္မတဖြစ်သူ အေဘရာဟင်လင်ကွန်းသည် သမ္မတဘ၀သို့ မရောက်ရှိမီ သာမန် လူတစ်ဦး အဖို့ စိတ်ဓါတ်ကျစရာ အလွန်ကောင်းလှသည့် အခြေအနေ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ ငယ်စဉ်ကတည်းက အပတ်အကုတ် ကြိုးစားအားထုတ်ခဲ့သူ တစ်ဦးဖြစ်သည်။ သို့သော် အသက် (၃၁) နှစ်တွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း ပျက်ပြားခဲ့သည်။ (၃၂) နှစ်အရွယ်တွင် ပြည်နယ်ဥပဒေပြုအမတ်နေရာ ၀င်အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ ပြန်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာ အသက် (၃၃) နှစ်တွင် တစ်ခါထပ်ပြီး စီးပွားပျက်ခဲ့ပြန်သည။ အသက် (၃၅) နှစ်တွင် ချစ်သူ ကွယ်လွန် သွားခဲ့ပြီး အသက် (၃၆) နှစ်တွင် အကြီးအကျယ် နာမကျန်း ဖြစ်ခဲ့သည်။ အသက် (၄၃) နှစ်တွင် ကွန်ဂရက် အမတ်နေရာ ၀င်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ သို့သော် စိတ်မပျက်၊ စိတ်ဓါတ်မကျဘဲ ထပ်မံဝင်ပြိုင် အရွေးခံရာ အသက် (၄၆) နှစ်နှင့် (၄၈) နှစ်တွင် ထပ်မံ ရှုံးနိမ့်ခဲ့ပြန်သည်။ တစ်ဖန် ဆီးနိတ် အမတ်လောင်းနေရာ ၀င်ပြိုင်ရာ အသက် (၅၅) နှစ်တွင် ရှုံးနိမ့်ခဲ့ပြန်သည။ (၅၆) နှစ်တွင် ဒုတိယသမ္မတနေရာ ၀င်အရွေးခံပြန်ရာ ရှုံးနိမ့်ခဲ့ပြန်သည်။ ဆီးနိတ်အမတ်နေရာကို (၅၈) နှစ်တွင် ၀င်အရွေးခံရာ ထပ်မံရှုံးခဲ့ပြန်သည်။ လင်ကွန်းသည် စိတ်ဓါတ် မကျသေးဘဲ သမ္မတနေရာ ၀င်အရွေးခံပြန်ရာ နောက်ဆုံး အသက် (၆၀) အရွယ်တွင် အမေရိကန်နိုင်ငံ၏ သမ္မဖြစ်လာခဲ့သည်။ ယခုဆိုလျှင် ကမ္ဘာကျော် ခေါင်းဆောင်ကြီး တစ်ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခဲ့လေသည်။ 

No comments:

Post a Comment