ပစ္စုပ္ပန် အချိန်သည် မိမိ ပိုင်ဆိုင်ပြီး ပျော်ရွှင်စွာ နေပါဟု ဆိုရာ၌
မည်သည့်ရည်ရွယ်ချက်ရှိသည့် အလုပ်ကို လုပ်လုပ် နောက်ဆုံး ရရှိလာမည့် ရလဒ်ကို
မျှော်မှန်းတွေးတော စိုးရိမ် ပူပန်၍ မနေဘဲ လက်ရှိ အချိန်၌ လုပ်ကိုင်နေမှု
အပေါ်တွင်သာ အာရုံ စူးစိုက်၍ ပျော်ရွှင်စွာလုပ်ကိုင်ပါဟု ဆိုလိုရင်း ဖြစ်သည်။
ဥပမာအားဖြင့် သင်သည် အခန်းတစ်ခန်းကို ဆေးသုတ်နေသည် ဆိုပါစို့။ သင်၏
စိတ်ထဲ၌ အခန်းတစ်ခန်းလုံး အချိန်မီသုတ်လို့ပြီးပါ့မလား၊ လှလှပပ
သပ်သပ်ရပ်ရပ်ကော ဖြစ်ပါ့မလား၊ အချိန်မီ ဆေးခြောက်ပါ့မလား၊ သုတ်ပြီးသမျှ
လှလှပပ ရှိရဲ့ လား စသည်ဖြင့် လုပ်ပြီးသည့် ကိစ္စ၊ နောင်ဖြစ်လာမည့်
ကိစ္စတို့ကို တွေးတောပူပန် မနေဘဲ သင် သုတ်နေသော ဆေးစုတ်ချက်တိုင်း၌ စိတ်ကို
နှစ်မြှုပ်၍ စုတ်ချက်တိုင်း ညီညာ ကောင်းမွန်အောင်ကြိုးစားပြီး ပျော်ရွှင်
လွတ်လပ်စွာဖြင့် ဆေးသုတ်ရန်သာ ဖြစ်ပါသည်။
ထိုအခါ စိုးရိမ်စိတ်ကင်း၍ အာရုံ
မများဘဲ စုတ်ချက်တိုင်းကို မှန်မှန်ကန်ကန် ညီညီညာညာဖြစ်အောင်
သုတ်လာနိုင်ပြီး နောက်ဆုံးတွင် လှပ သပ်ရပ်သော ဆေးသုတ်ပြီး အခန်းတစ်ခုကို
သင်ရရှိလာပေလိမ့်မည်။
No comments:
Post a Comment