မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Saturday, 23 November 2013

ဂူဂယ်၏ လွယ်ကူသော အသုံးပြုနည်းများ


download link

ဂူဂယ် (google) ဆိုတာ အင်တာနက်မှ အကြောင်းအရာ (information) တွေကို ရှာဖွေပေးနိုင်တဲ့ search engine စက်တမျိုး ဖြစ်သည်။ မိမိတို့ ဖတ်လို သိလိုသည့် information တွေသည် internet ထဲမှာ အများအားဖြင့် ရှိနေကြပြီး ဖြစ်သည်။ 

ထို internet ထဲတွင် ရှိနှင့်နေပြီးသော မိမိတို့ လိုချင်သည့် information တွေကို မိမိတို့လိုချင်တဲ့ ဆန္ဒ၊ ပုံစံအတိုင်းရဖို့အတွက် ဂူဂယ်ကို ကောင်းကောင်း သုံးတတ်ဖို့ လိုသည်။

ဥပမာ မိမိတို့ နှစ်သက်သည့် မင်းသား၊ မင်းသမီးတို့ရဲ့ အကြောင်းအရာ၊ ဓါတ်ပုံ၊ အသံ ဖိုင်တွေကို ရှာဖွေခြင်း၊ လတ်တလော ဖြစ်ပျက်နေသော မြန်မာနိုင်ငံအကြောင်းနှင့် ပတ်သက်သော အကြောင်းအရာတွေကို ရှာဖွေခြင်း မျိုးဆိုရင် ဂူဂယ်ကို ကောင်းကောင်း သုံးတတ်ဖို့ တကယ်လိုအပ်သည်။ 

ဂူဂယ်ကို အသုံးပြုဖို့အတွက် internet နှင့် browser ရှိဖို့ဘဲလိုပါသည်။ Google Chrome ကိုအသုံးပြုပြီး ဥပမာတွေကို ရှင်းပြထားသည်။ Internet Exploer, Mozilla, Opera, Chrome အစရှိသော browser တမျိုးမျိုး၊  မိမိတို့ ကြိုက်နှစ်သက်ရာ ကို အသုံးပြုပြီး လေ့လာနိုင်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ဂူဂယ်မှာ ရှာကြည့်မည် ဆိုပါစို့။ ဒါဆိုရင် ဂူဂယ်မှာ aung san suu kyi လို့ ရိုက်ပြီး ရှာရင် internet page စုစုပေါင်း 8,270,000 ပမာဏ လောက် ရှာတွေ့မည်။




aung san suu kyi ဆိုတဲ့ နာမည် တဆက်တည်းရှိတဲ့ အကြောင်းတွေကိုဘဲ တိတိကျကျ ရှာကြည့်မယ်ဆိုရင် double quote “ “ ကို အသုံးပြုရမည်။ ဂူဂယ်မှာ “aung san suu kyi" လို့ ရိုက်ပြီး ရှာကြည့်ပါ။ internet page စုစုပေါင်း 8,100,000 ပမာဏ လောက် ရှာတွေ့မည်။




“aung san suu kyi" အကြောင်းကို အင်္ဂလန်ရဲ့  websites တွေထဲက သီးသန့် ရှာချင်တယ်ဆိုရင် location ဆိုတဲ့ keyword ကို အသုံးပြုရသည်။ ဂူဂယ်မှာ "aung san suu kyi" location: uk လို့ ရိုက်ပြီး ရှာရင် internet page စုစုပေါင်း 4,480,000 ပမာဏ လောက် ရှာတွေ့မည်။ အင်္ဂလန်ဆိုရင် UK အစရှိတဲ့ သတ်မှတ်ထားတဲ့ country code တွေကို အောက်ပါ link မှာ ကြည့်ရှုနိုင်သည်။ http://en.wikipedia.org/wiki/List_of_Internet_top-level_domains




၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ “aung san suu kyi" အကြောင်းကို အင်္ဂလန်ရဲ့  websites တွေထဲက ရှာချင်တယ်ဆိုရင် .. ဆိုတဲ့ keyword ကို အသုံးပြုရသည်။ ဂူဂယ်မှာ "aung san suu kyi" location: uk 1964..1988 လို့ ရိုက်ပြီး ရှာရင် internet page စုစုပေါင်း 1,170,000 ပမာဏ လောက် ရှာတွေ့မည်။





သည်တခါ အဲသည့် “aung san suu kyi" နာမည် တဆက်တည်း ရှိတဲ့ အထဲက “than shwe" နာမည် ပါတဲ့ pages တွေကို နှုတ်ချင်တယ်ဆိုရင် အနှုတ် လက္ခဏာ သုံးရသည်။ ဂူဂယ်မှာ "aung san suu kyi" –"than shwe" လို့ရိုက်ပြီး ရှာကြည့်ပါ။ internet page စုစုပေါင်း 260,000 လောက်ဘဲ ကျန်မည်။




ဂျာဗား လို့ ပြောလိုက်ရင် ရင်းနီးပြီးသားဖြစ်တဲ့ ဂျာဗားကော်ဖီမစ်၊ ဒါမှမဟုတ်ရင် အင်ဒိုနီးရှားမှာရှိတဲ့ ဂျာဗားကျွန်းကို ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ မြင်မိကြလိမ့်မည်။ ဒါ့အပြင် ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ ဂျာဗား နောက်တစ်မျိုးလည်း ရှိသေးသည်။ တကယ်လို့များ ဂူဂယ်မှာ java လို့ ရိုက်ပြီး ရှာကြည့်မယ်ဆိုရင် internet မှာ ရှိရှိသမျှ အမျိုးမျိုးသော java အကြောင်းတွေပါတဲ့ information တွေ ရှာတွေ့လိမ့်မည်။ အရေအတွက်အားဖြင့် internet page စုစုပေါင်း 554,000,000 ပမာဏ လောက် ရှာတွေ့မည်။




သည်တစ်ကြိမ်မှာတော့ ပညာရပ်ဆိုင်ရာ အသုံးနှုန်းနှင့် သက်ဆိုင်တဲ့ java အကြောင်းအရာတွေကိုသာ သီးသန့် ရှာဖွေကြည့်ရအောင်။ ဂူဂယ်မှာ java ~glossary လို့ရိုက်ပြီး ရှာကြည့်မယ်ဆိုရင် internet page စုစုပေါင်း 5,290,000 ပမာဏ လောက် ရှာတွေ့မည်။



တခါတရံမှာ ကိုယ်မသိတဲ့ အင်္ဂလိပ်စာလုံးတွေရဲ့  အဓိပ္ပာယ်ကို ဂူဂယ်မှာ ရှာကြည့် ချင်တယ်ဆိုရင် define ဆိုတဲ့ keyword ကို သုံးရသည်။ ဥပမာ acumen ဆိုတဲ့ အဓိပ္ပာယ်ကို သိချင်တယ်ဆိုရင် ဂူဂယ်မှာ define: acumen လို့ ရိုက်ပြီး ရှာကြည့်ပါ။ internet page စုစုပေါင်း 8,250,000 ပမာဏ လောက် ရှာတွေ့မည်။



ဒါအပြင့် ဂူဂယ်ကို သင်္ချာ ဂဏန်းတွက်စက် တခုလို အသုံးပြုနိုင်သည်။  (4+4) * (7-3) = 8 * 4 = 32


၂ ကို ၅ ထပ်ရှာမယ်ဆိုရင် 2^5 = 32


50 % of 30 = 15




ဂူဂယ်ကို unit converter တခုအနေဖြင့် အသုံးပြုမယ်ဆိုရင်တော့ .. ဂူဂယ်မှာ 1 kg in lbs လို့ ရိုက်ပြီး ရှာရင် 1 kg သည် 2.2 lbs ရှိတာကို တွေ့ရလိမ့်မည်။ ကိုယ်သိချင်သော units တွေကို အမျိုးမျိုး ပြောင်းပြီး ရှာဖွေနိုင်သည်။







နိုင်ငံခြားငွေ လဲနှုန်းကို ဂူဂယ်မှာ ရှာဖွေနိုင်သည်။ ဥပမာ အင်္ဂလန်ပေါင် ၁၀၀မှာ အမေရိကန်ဒေါ်လာ ဘယ်လောက်ရမလဲ သိချင်ရင် ဂူဂယ်မှာ 100 Pounds in USD လို့ ရိုက်ပြီး ရှာဖွေ သိရှိနိုင်သည်။



နိုင်ငံတွေရဲ့  မိုးလေ၀သ အခြေအနေကိုလည်း ဂူဂယ်မှာ သိရှိနိုင်သည်။ ဥပမာ စင်္ကာပူနိုင်ငံ၏ မိုးလေ၀သ အခြေအနေကို သိလိုလျှင် ဂူဂယ်မှာ  weather Singapore လို့ ရိုက်ပြီး ရှာဖွေ သိရှိနိုင်သည်။


မြန်မာ ဇာတ်လမ်းတွေကို ကြည့်တဲ့ အခါမှာ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေကို ရွေးပြီး ကြည့်ချင်သူများ ရှိနိုင်သည်။ ဥပမာ burmeseclassic.com ထဲမှာ သက်မွန်မြင့် ပါတဲ့ internet pages ကို ရှာချင်တယ်ဆိုရင် ဂူဂယ်မှာ "thet mon myint" site: burmeseclassic.com လို့ ရိုက်ပြီး ရှာကြည့်ပါ။ burmeseclassic.com ထဲမှာ internet page စုစုပေါင်း 28,400 ပမာဏ လောက် ရှာတွေ့မည်။



ကွန်ပျူတာမှာ ဖတ်လို့ရသည့် စာအုပ် (pdf) files တွေကို အင်တာနက်မှာ ရှာချင်တယ်ဆိုရင် ဂူဂယ်မှာ filetype:pdf လို့ ရိုက်ပြီး ရှာလို့ ရသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် ရေးသားသော Freedom from Fear ဆိုတဲ့ စာအုပ်အကြောင်းကို ရေးထားတဲ့ pdf files တွေကို ရှာချင်တယ်ဆိုရင် ဂူဂယ်မှာ "aung san suu kyi" "Freedom from Fear" filetype:pdf လို့ ရိုက်ပြီး ရှာကြည့်ပါ။ Internet page စုစုပေါင်း 2,360 ပမာဏ လောက် ရှာတွေ့မည်။ 



video file ဆိုရင် wmv ၊ audio file ဆိုရင် mp3 အစရှိတဲ့ file format တွေအကြောင်းကို အောက်က link မှာ ကြည့်ရှု နိုင်သည်။ http://en.wikipedia.org/wiki/List_of_file_formats

အခုလောက် ဆိုရင် ဂူဂယ်ကို အသုံးပြုပြီး ကိုယ်ရှာချင်တဲ့ အကြောင်းအရာ တွေကို တော်တော်လေး ရှာဖွေနိုင်လောက်ပြီ၊ ဖြစ်သော်လည်း အသုံးပြုသူတွေအတွက် လွယ်ကူပြီး၊ keywords တွေကို မှတ်စရာ မလိုတဲ့ Google Advanced Search အကြောင်းကို ပြောပြလိုပါသေးသည်။ 

ဂူဂယ်မှာ google advanced search လို့ ရိုက်ပါ။ ပြီးရင် ပထမဆုံး link ကို နှိပ်လိုက်ရင် အောက်ပါ link ထဲကို ရောက်သွားလိမ့်မည်။ http://www.google.com/advanced_search




မိမိတို့ ရှာချင်သော အကြောင်းအရာတွေကို Google Advanced Search သုံးပြီး ရှာကြည့်နိုင်သည်။
အထက်မှာ ပါရှိသော အကြောင်းအရာများသည် Internet မှ တဆင့် မှီငြမ်းပါသည်။


No comments:

Post a Comment